ဘယ်နေရာတွေမှာ သွေးလှူဒါန်းနိုင်ပါသလဲ

သွေးလှူဒါန်းရန်အတွက် အမျိုးသားသွေးဌာန (ရန်ကုန်ပြည်သူ့ဆေးရုံကြီး) အပြင် ပြည်နယ်နှင့် တိုင်းအသီးသီးတွင်ရှိသော ပြည်သူ့ဆေးရုံကြီးများတွင် သွားရောက်လှူဒါန်းနိုင်ပါသည်။ ရုံးဖွင့်ရက် (နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ) အထိ သွေးလှူဒါန်းနိုင်ပါသည်။ သွေးလှူဒါန်းသူများသည် ရုံးပိတ်ရက်အတွင်း လှူဒါန်းလိုပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ကြိုတင်ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

အမျိုးသားသွေးဌာန (ရန်ကုန်ပြည်သူ့ဆေးရုံကြီး) (၀၁) ၂၅၆ ၁၁၂ လိုင်းခွဲ ၈၇၇ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
မင်္ဂလာဗျူဟာအသင်းချုပ် (၀၁) ၃၇၀ ၉၅၀ အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်
ရင်ခုန်သံသွေးလှူရှင်အသင်း (၀၁) ၂၄၃ ၅၄၂ ၊ ၃၉၃ ၄၅၈ ၊ ၃၈၆ ၄၅၉ လပြည့်ဝန်းပလာဇာ (၁၀လွှာ) ၊ ဒဂုံမြို့နယ်
၎င်းပြင် အခြားသွေးလှူအသင်းအဖွဲ့များနှင့်လည်း ဆက်သွယ်ပြီး သွေးလှူဒါန်းနိုင်ပါသည်။

ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲ
အောက်တိုဘာ (၂) ရက် ၊ စနေနေ့ လပြည့်ဝန်းပလာဇာ (၁၀လွှာ) တွင် ကျင်းပပြုလုပ်မည်။


မြန်မာနိုင်ငံတ၀ှမ်းရှိ သွေးလှူရှင်အသင်းများကို ဖိတ်ခေါ်ခြင်း

www.myanmarblooddonation.com ဝက်ဘ်ပေါ်တယ်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ စေတနာသွေးလှူအသင်းများကို စုစည်းဖော်ပြပေးမည့် Portal Site တစ်ခုအဖြစ် ရပ်တည်ပြီး၊ သွေးလိုအပ်သူများအနေဖြင့် နီးစပ်ရာ သွေးလှူအသင်းများကို အလွယ်တကူ ဆက်သွယ်အကူအညီတောင်းခံနိုင်စေရန်အလို့ငှာ -

စေတနာသွေးလှူရှင်အသင်းများသည် www.myanmarblooddonation.com ဝက်ဘ်ပေါ်တယ်ပေါ်တွင် (၁) မိမိတို့၏ သွေးလှူရှင်အသင်းအကြောင်း ၊ (၂) လှုပ်ရှားဆောင်ရွက်နေမှု နှင့် (၃) ဆက်သွယ်နိုင်မည့်လိပ်စာ တို့ကို ထည့်သွင်းဖော်ပြပေးနိုင်ရန်အတွက် လပြည့်ဝန်းပလာဇာ၊ ၁၀-ထပ်၊ အမှတ်(၃၇) ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် - (၀၁) ၂၄၃ ၅၄၂ ၊ ၃၉၃ ၄၅၈ ၊ ၃၈၆ ၄၅၉ သို့ ဆက်သွယ်ပေးပို့ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်ဖိတ်ခေါ်အပ်ပါသည်။

- myanmarblooddonation.com စီစဉ်သူများ

" လာရောက်လည်ပတ်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ "
ယခုမျက်မှောက်အချိန်တွင် ဒီဝက်ဘ်ပေါ်တယ်ကို ပြန်လည်မွမ်းမံပြင်ဆင်နေပါသည်။

UNDER CONSTRUCTION
Thanks for visitng our website.
Please do come again.