Donating the Blood စေတနာသွေးလှူရှင်ဆိုသည်မှာ - မိမိဆန္ဒအရ သွေးလှူဒါန်းပြီး၊ ငွေကြေး၊ ပစ္စည်း စသည်များကို ရယူခြင်း မရှိသူများ။ မိမိမသိသော သွေးလိုအပ်သူများကို ကူညီရန် သက်သက်သာရည်ရွယ် ချက်ထားသူများ ၊ ပိုးကင်းစင်သောသွေးသန့်ဖြစ်ရေး၏ အရေးကြီးပုံကို သိရှိနားလည်ပြီး၊သွေးမှ ကူးစက်သောရောဂါများမရှိအောင်၊ ကျန်းမာရေးကောင်းမွန်အောင် မိမိကိုယ်ကို ဆင်ခြင်စောင့်ထိန်း နေထိုင်သူများ၊ သွေးလုံလောက်စွာရရှိရေးအတွက် ပုံမှန်လှူဒါန်းသူများ။ အရေးပေါ်လိုအပ်ပါကလည်း လှူဒါန်းသူများ။ စသည့်အရည်အချင်းနှင့်ပြည့် စုံသူများအားလုံးသည် ပေးဆပ်နိုင်စွမ်းရှိ၍ စွမ်းဆောင်နိုင်သော စွန့်လွှတ်ရဲသူများဖြစ်သည့် စေတနာသွေးလှူရှင်များ ဖြစ်ကြသည်။