• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Donating the Blood
    သွေးရောင်းသူများ

    သွေးရောင်းသူများကို အခကြေးငွေ မရစေလို၍ို မဟုတ်ပါ။ သွေးလှူသူနှင့် သွေးလက်ခံသူကိုပါ အန္တရာယ် ဖြစ်စေနိုင်၍ အခကြေးငွေဖြင့်သွေးလှူသူ များအား မသင့်တော်သူများအဖြစ်သတ်မှတ်ခြင်း ဖြစ်ပါသည်။ မိမိ၏သွေးကို အခကြေးငွေဖြင့် ရောင်းသူများသည် အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစား စသည့်ကိစ္စများ အတွက် ငွေလိုလာပါက မိမိသွေးကိုထုတ်ရောင်းကြသည်။ ကျန်းမာရေးကို ဂရုမစိုက်သဖြင့် ရောဂါ မျိုးစုံခံစားရ သည်။ အများအားဖြင့် သွေးမှတစ်ဆင့်ကူးစက်နိုင်သောရောဂါ များကို သယ်ဆောင်ထားတတ်သည်။ သွေး၏အရည်အသွေးမပြည့်မီတတ်ပါ။ အချိန်မစေ့မီ သွေးရောင်းလေ့ရှိသဖြင့် အရည်အသွေးပြည့်ဝသော သွေးကောင်း သွေးသန့်များမရနိုင်ပါ။

    အခကြေးငွေ မရစေလို၍မဟုတ်ပါ။
    သွေးလှူသူနှင့်သွေးလက်ခံသူကိုပါအန္တရာယ်ဖြစ်စေနိုင်၍၊
    အခကြေးငွေဖြင့်သွေးလှူသူများအားမသင့်တော်သူများအဖြစ်
    သတ်မှတ်ခြင်းဖြစ်ပါသည်။

    သွေးလှူဒါန်းပြီးနောက်သွေးလှူရှင်များ လိုက်နာရန်အချက်များ
    သွေးလှူပြီးပါကတစ်ခါတစ်ရံမူးမော်ခြင်းဖြစ်တတ်သည့်အတွက်၊သွေးမလှူမီ အစာတစ်ခုခုနှင့်အရည်တစ်မျိုးမျိုးကိုကြိုတင်စားသောက်ထားပါ။သွေးလှူ ဒါန်းသောနေ့တွင်ရေနှင့်ဖျော်ရည်များများသောက်ပေးပါ။ [ဆက်လက်ဖတ်ရှုရန်]

    သွေးမလှူဒါန်းနိုင်သူများအတွက် အခြားကူညီနိုင်မည့်နည်းလမ်းများ
    သွေးမလှူဒါန်းနိုင်သူများ အနေဖြင့် အာဟာရ အလှူတော်ငွေများ၊ဆေး ပစ္စည်းများ၊ သွေးလှူရှင်များအတွက် အမှတ်တရ တံဆိပ်များ၊ ကဒ်ပြားများကို ပါဝင် ကုသိုလ်ပြု လှူဒါန်းနိုင်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    “သွေးလိုသူများကိုကြင်နာပါ“

    “သွေးလှူဒါန်းခြင်းသည် ထပ်ကာတလဲလဲ သင်ဆောင်ရွက်ပေးနိုင်သည့်
    အကောင်းဆုံးအလှူဖြစ်ပါသည်။“

    ဘယ်သူတွေ သွေး
    လှူနိုင်ပါသလဲ။

    အသက်(၁၈)နှစ်မှ (၅၅)နှစ်
    အကြားရှိ ကျန်းမာရေး
    ကောင်းမွန်သူအားလုံး
    ဘယ်နေရာတွေမှာသွေးလှူနိုင်ပါသလဲ။
    ဘယ်သူတွေ သွေးမလှူသင့်သလဲ။
    သင်သည်လူ့ဘ၀အတွက်အရေးကြီးဆုံး
    သောကွက်လပ်ကိုဖြည့်ပေးနိုင်စွမ်းရှိသူ
    ဖြစ်လိုပါသလား။

    သွေးလှူဒါန်းရေး လုပ်ငန်းအဆင့် (၄)ဆင့်
    (၁) မှတ်ပုံတင်ခြင်း
    (၂) ကျန်းမာရေးစစ်ဆေးခြင်း
    (၃) သွေးလှူဒါန်းခြင်း
    (၄) အနားယူခြင်းနှင့်အာဟာရပြန်လည်
    ဖြည့်တင်းခြင်း [ဆက်လက်ဖတ်ရှုရန်]
    စေတနာသွေးလှူရှင်ဆိုသည်မှာ
    ပေးဆပ်နိုင်စွမ်းရှိ၍ စွမ်းဆောင်နိုင်သော စွန့်လွှတ်ရဲ
    သူများဖြစ်သည့် စေတနာသွေးလှူရှင်များ
    ဖြစ်ကြသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူရှင်တိုင်းသိမှတ်စရာ
    AIDS ရောဂါဖြစ်စေသော HIV ပိုးရှိ မရှိကို၊ ရောဂါပိုး ၀င်ရောက်ပြီး ၆ လခန့် ကြာမှ၊ ဓာတ်ခွဲစစ်ဆေးကြည့် မှသာ သိရှိနိုင်ပါ သည်။ [ဆက်လက်ဖတ်ရှုရန်]
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။