|
Donating the Blood
သွေးလှူရှင်တိုင်းသိမှတ်စရာ
သွေးလှူရှင်များအား
မေးခွန်းလွှာဖြေဆိုစေခြင်း၊
ကျန်းမာရေးစစ်ဆေးခြင်း၊
ဓါတ်ခွဲစစ်ဆေးခြင်း…တို့သည် သွေးလှူရှင်၏
ကျန်းမာရေးကို
မထိခိုက်စေရေးနှင့်
ရောဂါကင်းစင်သော သွေး
ရရှိရေးအတွက်အရေးကြီး ပါသည်။ ရာနှုန်းပြည့်ရောဂါပိုးကင်းစင်သောသွေးရရှိရေးအတွက် သွေးလှူရှင်ကိုယ်တိုင်က မိမိကိုယ် မိမိ မှန်ကန်စွာ ဆန်းစစ် ခြင်းသည်သာ အဓိကဖြစ်ပါသည်။ AIDS ရောဂါဖြစ်စေသော
HIV ပိုးရှိ မရှိကို၊ ရောဂါပိုးဝင်ရောက်ပြီး ၆ လခန့်ကြာမှ၊ ဓါတ်ခွဲစစ်ဆေးကြည့်မှသာ သိရှိနိုင်ပါ သည်။ ဓါတ်ခွဲစစ်ဆေး၍ မသိရှိသော်လည်း၊ HIV ပိုးရှိသဖြင့်အဆိုပါသွေးကို သွင်းမိပါက ကူးစက်နိုင်ပါသည်။ သွေးလှူခြင်းဖြင့် သင့်တွင် အန္တရာယ်မဖြစ်ရန် လိုအပ်ပါသည်။ သွေးသွင်းခံရသူတွင်လည်း သွင်းသည့်သွေးကြောင့် ရောဂါမဖြစ်ရန်အရေးကြီးပါသည်။ သွေးလှူဒါန်းခြင်းသည် ပျမ်းမျှအားဖြင့် သွေး ဖောက်ယူခြင်းအချိန် (၁၀) မိနစ်မှ (၁၅) မိနစ် သာကြာမြင့်ပါမည်။ သို့သော် မှတ်ပုံတင်ခြင်းမှစ၍ အနားယူပြီးချိန်အထိ စုစုပေါင်း (၆၀) မိနစ်ခန့် ကြာမြင့် ပါမည်။ |
သွေးလှူဒါန်းပြီးနောက်သွေးလှူရှင်များ
လိုက်နာရန်အချက်များ သွေး ဖောက်ထားသော
လက်မောင်းကို၊
သွေးလှူဒါန်းပြီး၊
၁၂
နာရီအတွင်းပြင်း
ပြင်း ထန်ထန်လှုပ်ရှားခြင်း၊အလေးအပင်မခြင်းမပြုလုပ်ရ။
[ဆက်လက်ဖတ်ရှုရန်] |
သွေးမလှူဒါန်းနိုင်သူများအတွက် အခြားကူညီနိုင်မည့်နည်းလမ်းများ
အကြောင်းအမျိုးမျိုးကြောင့် သွေးမလှူဒါန်းနိုင်သူများ အနေဖြင့် အာဟာရ အလှူတော်ငွေများ၊ဆေး ပစ္စည်းများ၊ သွေးလှူရှင်များအတွက် အမှတ်တရ တံဆိပ်များ၊ ကဒ်ပြားများ၊ သွေးအားတိုးဆေးများ ကို ပါဝင် ကုသိုလ်ပြု လှူဒါန်းနိုင်ပါသည်။ [ဆက်လက်ဖတ်ရှုရန်] |
“သွေးလိုသူများကိုကြင်နာပါ“ |
“သွေးလှူဒါန်းခြင်းသည် ထပ်ကာတလဲလဲ သင်ဆောင်ရွက်ပေးနိုင်သည့်
အကောင်းဆုံးအလှူဖြစ်ပါသည်။“ |
|
|
|