FAQ
သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍သိစေလိုသော အချက်အလက်များ
၁။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် သွေးအားနည်းနိုင်ပါသလား။
အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူများတွင် သွေးပမာဏ (၅)လီတာမှ (၆)လီတာထိရှိပါသည်။သွေးလှူဒါန်းမှု တစ်ကြိမ်တွင် သွေး (၄၅၀) မီလီမီတာသာ ထုတ်ယူပါသည်။ ထုတ်ယူလိုက်သော သွေးပမာဏသည် (၇၂)နာရီအ တွင်းပြန်လည်ပြည့်သွားမည် ဖြစ်ပါသည်။ သွေးအား (Hemoglobin)မပြည့်သူများ သွေးမလှူဒါန်းမိစေရန် စစ်ဆေးမှု
ပြုပြီးမှလက်ခံသဖြင့်သွေးအားမနည်းနိုင်ပါ။
၂။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် ရောဂါများ ရနိုင်ပါသလား။
သွေးလှူဒါန်းဖြင့် မည်သည့်ရောဂါမှ ကူးစက်ခံရခြင်းမရှိပါ။ အသုံးပြုနေသော အပ်များ၊ ပိုက်များသည် ပိုးကင်းစင်ပြီး တစ်ခါသုံးများ သာ ဖြစ်ပါသည်။
၃။သွေးဖောက်ယူရာတွင်နာကျင်ပါသလား။
သွေးလှူရှင်တို်င်း ပထမအကြိမ်တွင် ကြောက်ရွံ့ တတ်ပါသည်။ သို့သော် သွေးဖောက်ယူမူတွင် အရေပြားကိုဖောက်ချိန် တွင်သာ အနည်းငယ် နာကျင်ပါသည်။ ယင်းနောက် နာကျင်မှု လုံးဝ မရှိပါ။
၎။ ကျွန်ုပ်သည် သွေးလှူဒါန်းနိုင်အောင် ကျန်းမာပါရဲ့လား။
ဆရာဝန်မှ သွေးမလှူဒါန်းမီ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်သူများ၏ သွေးများကို လက်မခံပါ။ သင့်တော်သော လမ်းညွှန်မှုပေးပါသည်။ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သင့်ကျန်းမာရေးကို စစ်ဆေး ခြင်းလည်းဖြစ်ပါသည်။
၅။ ကျွန်ုပ် သွေးလှူဒါန်းပြီးပါပြီ၊ ထပ်မံလှူဒါန်းရန် လိုအပ်ပါသလား။
လူနာများအတွက် နေ့စဉ်သွေး ယူနစ် ၁၀၀ မှ ၁၅၀ အတွင်းလိုအပ်ပါသည်။ သွေးလှူရှင်တစ်ဦးသည် (၄) လ တစ်ကြိမ် သာလှူ ဒါန်းနိုင်ပါသောကြောင့် လိုအပ်သော လူနာများအား အဆင်သင့် ထောက်ပံ့နိုင်ရန် အစဉ် ကြိုးပမ်းနေရပါသည်။ ထို့ကြောင့် လူနာ များကို ကူညီနိုင်ရန် သင်ကဲ့သို့ အချိန်မှန်မှန်လှူဒါန်းနေကြသော သွေးလှူရှင်များအပေါ် အားကိုးနေရ ပါသည်။
၆။ သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာမည်လား။
သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာမှု လုံးဝမရှိပါ။ သင့်အတွက် သေချာပေါက် ရရှိသွားမည်မှာလိုအပ်သောဝေဒနာရှင်
လူနာတစ်ဦးအား ကူညီနိုင်မှုအတွက် ဖြစ်ပေါ်လာသော " ပီတိ" သာ ဖြစ်ပါသည်။
ရ။ သွေးအတုများ ရရှိနိုင်ပါမည်လား။
သွေးဆဲလ်များအတွက် လုံးဝ အစားမထိုးနိုင်သေးပါ။ လူသားမှ လှူဒါန်းမှသာ သွေးလိုအပ်နေသူများကို အသက်ကယ်နိုင်မည် မည်ဖြစ်ပါသည်။
၈။ သွေးများ အသုံးပြုပြီးပါက သွေးအသုံးပြုမှုအတွက် ငွေကြေးပေးရပါမည်လား။
စေတနာသွေးလှူရှင်မှ အခမဲ့ စေတနာအလျှောက် လှူဒါန်းခဲ့သောကြောင့် သွေးအတွက် အခကြေးငွေ ပေးစရာမလိုပါ။ သို့သော် သွေးသွင်းကုသနိုင်သည်အထိ ရောက်ရှိရန် ပြုလုပ်ခဲ့ရသော သိုလှောင်မှု၊ စမ်းသပ်စစ်ဆေးမှုအတွက် လိုအပ်သော ကုန်ကျစရိတ် များကို သုံးစွဲသူတို့မှ နိုင်ငံတော်နှင့် မျှဝေ၍ ကျခံပေးပါသည်။
၉။ လှူဒါန်းပြီးသော သွေးများကို မည်ကဲ့သို့ ပြုပြင်ပါသနည်း။
ထုတ်ယူပြီး သွေးများအားလုံးကို HIV, Hepatitis, Syphilis အစရှိသော ရောဂါပိုးများအတွက်ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း များမှ စစ်ဆေးပါသည်။ ထုတ်ယူပြီးသော သွေးများမှ (၃၀ %) သာ သွေးအိတ်များကို (၆) နာရီအတွင်း သွေးရည်ကြည်၊ သွေးဥမွှား၊ သွေးနီဥ concentrate များအဖြစ် လိုအပ်သလို ခွဲထုတ်ပါသည်။
၁၀။ သွေးလှူဒါန်းခြင်းသည် အချိန်မည်မျှ ကြာမည်နည်း၊ မည်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရမည်နည်း။
ပျမ်းမျှအားဖြင့် သွေးဖောက်ယူခြင်းသည် (၁၀) မိနစ်မှ (၁၅) မိနစ်သာ ကြာမြင့်ပါသည်။ သို့သော် မှတ်ပုံတင်ခြင်းမှစ၍ အနားယူ ပြီုးချိန်အထိ စုစုပေါင်း (၆၀) မိနစ်ခန့် ကြာမြင့်ပါမည်။
|