သင်သည် လူ့ဘ၀အတွက် အရေးကြီးဆုံးသော
ကွက်လပ်ကို ဖြည့်စွမ်းပေးနိုင်သူ ဖြစ်လိုပါသလား။
“မိနစ်အနည်းခန့် အချိန်ပေး၍
ဒီစာပိုဒ်ကလေးကို
ဖတ်ရှုပေးစေလိုပါသည်“
|
ဒီစာပိုဒ်လေးကို
သင်ဖတ်ရှုနေချိန်တွင်
သွေးလိုအပ်၍
သေခြင်းတရားနှင့် ရင်
ဆိုင်တိုက်ခိုက်နေရသော
လူနာများစွာ
စောင့်ဆိုင်းလျှက်
ရှိပါသည်။အဆိုပါ
လူနာများအတွက်
အသက်ရှင်ခြင်းနှင့်
သေဆုံးခြင်းတို့သည်
အုပ်စုတူညီသော
သွေးရနိုင်မှု၊
မရနိုင်မှု
တို့အပေါ်
မူတည်နေပါသည်။
သွေးကင်ဆာရောဂါခံစား
နေရသော
ဝေဒနာရှင်များ၊
နှလုံးခွဲစိတ်မည့်လူနာများ၊
မီးလောင်ခံထားရသော
လူနာများ၊
ထိခိုက်ဒဏ်ရာရခဲ့သော
လူနာများ၊ မွေးရာ ပါသွေးမတိတ်ရောဂါဝေ
ဒနာရှင်များ၏
အသက်ရှင်ရေးသည်
ပေးဆပ်နိုင်စွမ်း
ရှိ၍
စွမ်းဆောင်နိုင်သော
စွန့်လွှတ်ရဲသူများဖြစ်သည့်
စေတနာသွေးလှူရှင်များ
ပေါ်တွင်သာ လုံးဝမှီခိုအားထား
နေရပါသည်။
သွေးကိုလှူဒါန်းခြင်းဖြင့်
သင်သည် လူသားတို့အသက်ကို
ကယ်တင်နိုင်သည့်
အဓိကစွမ်းဆောင်ရှင်
ဖြစ်သွားပါမည်။
မိနစ်အနည်းငယ်သာကြာမည့် ရိုးစင်း
လှသော
သင်၏မေတာစွမ်းရည်သည်
သွေးလိုအပ်နေသူများအတွက် တန်ဖိုး
မဖြတ်နိုင်သော
လက်ဆောင်မွန်
ဖြစ်ပါသည်။ |