• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Interviews
    သွေးလှူဒါန်းတယ်ဆိုတာ

    မေး- လူပန့်ငယ်
    ဖြေ- ဟဲလေး






    မေး- လှူဒါန်းခြင်းတွေထဲမှာ သွေးလှူဒါန်းခြင်းဆိုတာကို ဘယ်လိုမြင်ပါသလဲ။
    ဖြေ- အရမ်းကိုမွန်မြတ်တဲ့ အလှူဒါနတစ်ခုလို့မြင်ပါတယ်။ ချမ်းသာမှု၊ ငွေကြေး စတာတွေကို လှူဒါန်းတာမဟုတ်ပဲ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ Energy တစ်ခုကို လှူတာမို့ အနှိုင်းမဲ့အလှူပါပဲ. ကျန်းမာရေးချို့တဲ့နေသူတစ်ယောက်ဟာ ကိုယ့် သွေးကြောင့် ကျန်းမာရေးကောင်းသွားတယ်ဆိုတဲ့ ပီတိဟာ ဘာနဲ့မှ နှိုင်းယှဉ် လို့မရပါဘူး။

    မေး- ဟဲလေးသွေးလှူဖူးပါသလား။
    ဖြေ- ကျွန်တော်လှူတော့ မလှူဖူးသေးပါဘူး။

    မေး- ဒါဆိုသွေးလှူချင်လား။
    ဖြေ- လှူချင်ပါတယ်။

    မေး- တစ်စုံတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ လိုအပ်လို့ သွေးအလှူတောင်းခံလာရင်………………………
    ဖြေ- ဟုတ်ကဲ့၊ ကျွန်တော် သွေးကို လှူဒါန်းပါမယ်ခင်ဗျာ။




    မေး- လူပန့်ငယ်
    ဖြေ- မယ်လိုဒီ






    မေး- သွေးလှူတာ ၀ါသနာပါလား။
    ဖြေ- သွေးလှူတာဝါသနာပါတယ်။ ဒါပေမယ့် တစ်ခါမှ မလှူဖူးဘူး။ ကျွန်မ သွေးက သူများကို ပေးရလောက်အောင် ကျန်းမာရေး မပြည့်ဝဘူးလေ။
    မေး- ဒါဆို သွေးလှူဒါန်းခြင်းကို ဘယ်လိုမြင်လဲ။
    ဖြေ- အရမ်းမွန်မြတ်တဲ့ လှူဒါန်းမှုတစ်ခုပါ။ ကျန်းမာရေးချို့တဲ့ နေသူတစ် ကယ်လိုအပ်နေတဲ့ အရာကို ကိုယ့်အသွေးအသားထဲက ဖဲ့ပေးလိုက်ရတဲ့ အလှူမျိုးလေ။ တကယ့်ကို ပီတီဖြစ်ဖို့ ကောင်းပါတယ်။

    မေး- အခွင့်ကြုံလာတဲ့ အခါမှာ သွေးလှူးဒါန်းဖို့ ဆန္ဒရှိပါသလား။
    ဖြေ- အပြည့်အ၀ ရှိပါတယ်။ ဒါကြောင့် ကျွန်မနေကောင်းအောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နေကောင်းမှ သူများကို ကျန်းမာတဲ့ သွေးကို ပေးနိုင်မှာလေ။

    မေး- တကယ်လို့ ကိုယ့်သွေးကို နေမကောင်းလို့ မလှူ နိုင်ရင်ဘူး ထားပါတော့------- ဒါပေမယ့် မယ်လိုဒီတို့လို celebrity တစ်ယောက် အနေနဲ့တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဖို့ရော စိတ်ဝင်စားလား-------။
    ဖြေ- ၀င်စားပါတယ်။ ကိုယ်နေမကောင်းလို့ မလှူနိုင်ရင်တောင် သွေးလှူဒါန်းပွဲတွေမှာ Organized လုပ်ပေးချင်ပါတယ်။ Volunteer လုပ်ပေးပါ့မယ်။




    မေး- လူပန့်ငယ်
    ဖြေ-
    စန္ဒီမြင့်လွင်





    မေး-
    ဒီးဒီ သွေးလှူဖို့ ဆန္ဒရှိပါသလား။
    ဖြေ- ဟာ… သိပ်ရှိတာပေါ့။ သွေးလှူချင်နေတာကြာပြီ။ အကြောင်း မတိုက်ဆိုင်တာနဲ့ မလှူဖြစ်တာ။
    မေး- သွေးလှူချင်တယ်ဆိုတော့ ဒီဒီက သွေးလှူတာကို ဘယ်လို အမြင်မျိုးရှိလဲ
    ဖြေ- သိပ်ကိုမွန်မြတ်သန့်ဇင်တဲ့ အလှူပေါ့အစ်မရယ်။ ကိုယ်ရဲ့သွေး နဲ့လူတစ်ယောက်ရဲ့အသက်ကိုကယ်နိုင်တယ်ဆိုတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ…. မဟုတ်ဘူးလား။

    မေး- ဒါဆို သွေးလှူဖို့အခွင့်ကြုံလာတယ်ဆိုရင် ဒီဒီ သွေးလှူမှာပေါ့။
    ဖြေ- လှူမှာပေါ့။ လှူမှာ။



    မေး- လူပန့်ငယ်
    ဖြေ- သဇင်






    မေး- သဇင် လှူဒါန်းဖူးတဲ့ အလှူတွေထဲမှာ ဘယ်အလှူကို အမွန်မြတ် ဆုံးလို့ထင်လဲ။
    ဖြေ-ကိုယ်ရဲ့ ချွေးနဲစာနဲ့ ရှာဖွေလို့ ရတဲ့ ၀င်ငွေနဲ့ လှူဒါန်းတုံးက တကယ်လို့ ပီတိဖြစ်ခဲ့ရပါတယ်။ ဒါက လူတိုင်းလည်း ခံစားဖူးမှာပေါ့နော်။ ဒါပင်မယ့် သဇင်ထင်တာတော့ သွေးလှူတာကို ကိုယ်ရဲ့ မျက်ကြည်လွှာကို လှူတာတို့ကတော့ ကိုယ်ခန္ဓာကိုယ်ထဲကနေ ဖဲ့ထုတ်ပြီး လှူဒါန်းရတာဆိုတော့ ပိုပြီး မွန်မြတ်မှာပေါ့နော်။
    မေး- သဇင်သွေးလှူဖူးလား။
    ဖြေ- တစ်ခါမှတော့ မလှူဖြစ်သေးဘူး။

    မေး- ဒါဆို သွေးလှူချင်တဲ့ ဆန္ဒရောရှိလား။
    ဖြေ- ရှိပါတယ်။ သဇင်လဲကျန်းမာရေးကောင်းနေမယ်။ လိုအပ်နေတဲ့ သူလည်း ရှိမယ်ဆိုရင် လှူချင်ပါတယ်။



    မေး- လူပန့်ငယ်
    ဖြေ- ရတနာပုံ






    မေး- သွေးလှူဒါန်းဖို့စိတ်ဝင်စားပါသလား။
    ဖြေ- စိတ်ဝင်စားပါတယ်။
    မေး- ဒါဆို ပုံပုံသွေးလှူဒါန်းဖူးပါသလား။
    ဖြေ- ပုံက ပိန်တယ်လေ။ ပိန်တော့ မလှူဖြစ်ဘူး ဖြစ်နေတာ။ ဒါပေမယ့်လှူ နိုင်ဖို့ကြိုးစားနေတယ်။ ပုံသွေးလှူတာနဲ့ ပတ်သက်ပြီး feeling ရှိတယ်။ ပုံ့ မောင်လေးက သွေးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ဖူးတယ်လေ။ အဲဒီတုန်းက သားသား သွေးလိုတော့ ပုံက လှူနိုင်မယ့်လူတွေကို ရှာထားရတယ်။သား သားသွေးက AB ဆိုတော့လေ။ ဒါပေမယ့် နောက်တော့ မလိုတော့ မယူ လိုက်ရပါဘူး။ ဒါပေမယ့် အရေးပေါ်သွေးလိုအပ်တဲ့ လူဘက်က feeling ကိုတော့ လုံးဝ နားလည်သွားတယ်။

    မေး- ဒါဆိုသွေးလှူဖို့ အခွင့်အရေးလည်း ကြုံလာမယ်။ကျန်းမာရေးလည်း ကောင်းနေမယ်ဆိုရင် ပုံပုံ သွေးလှူမယ်ပေါ့။
    ဖြေ- လှူမှာပေါ့ အစ်မရယ်။ တကယ်လို့ Fit မဖြစ်လို့ လှူလို့ မရရင်တောင် သွေးလှူပွဲတွေမှာ Volunteer လုပ်ပေးမှာပါ။ ပုံတက်နိုင်တဲ့ဘက်က စည်း ရုံးလှုံဆော်ပေးမှာပါ။
    “သွေးလိုသူများကိုကြင်နာပါ“

    “သွေးလှူဒါန်းခြင်းသည် ထပ်ကာတလဲလဲ သင်ဆောင်ရွက်ပေးနိုင်သည့်
    အကောင်းဆုံးအလှူဖြစ်ပါသည်။“
     
    ဘယ်သူတွေ သွေး
    လှူနိုင်ပါသလဲ။

    အသက်(၁၈)နှစ်မှ (၅၅)နှစ်
    အကြားရှိ ကျန်းမာရေး
    ကောင်းမွန်သူအားလုံး
    ဘယ်နေရာတွေမှာသွေးလှူနိုင်ပါသလဲ။
    ဘယ်သူတွေ သွေးမလှူသင့်သလဲ။
    သင်သည်လူ့ဘ၀အတွက်အရေးကြီးဆုံး
    သောကွက်လပ်ကိုဖြည့်ပေးနိုင်စွမ်းရှိသူ
    ဖြစ်လိုပါသလား။

     
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။