• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Other Organization
    အခြားသောသွေးလှူအဖွဲ့အစည်းများ

    မင်္ဂလာဗျူဟာအသင်းချုပ

    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးတော်ရိပ် အောက်၌ရှိသော မင်္ဂလာဗျူဟာအသင်းချုပ် သည် ၁၉၈၀ပြည့်နှစ်မှ စ၍ ဒါနပါရမီသွေးလှူ ဒါန်းပွဲကနှစ်စဉ်ကျင်းပခဲ့ပါသည်။ဒါနပါရမီသွေး လှူဒါန်းပွဲကို မင်္ဂလာဗျူဟာအသင်း ချုပ်အမှု ဆောင်အဖွဲ့မှ ကြီးမှူးကျင်းပ၍ Green Cross Hospital ဆေးရုံအုပ် ကြီးဒေါက်တာ ဦးမင်းဆွေ ၏ ဦးဆောင်မှုများဖြင့်စေ တနာရှင်သွေးလှူရှင်များကိုစည်းရုံးပေးလျက်ရှိပါ သည်။ ယခင်ကဒါနပါရမီ သွေးလှူဒါန်းပွဲကို တစ်နှစ် လျှင်သုံးကြိမ် သာ ကျင်းပ ခဲ့သော်လည်း သွေး လိုအပ်မှု များပြားလာသော ကြောင့် ၂၀၀၂ ခုနစ်မှ စတင်ပြီး တစ်နှစ်လျှင် ၆ကြိမ် အထိ တိုးမြှင့်သတ်မှတ် ကာ ကျင်းပပေး လျက်ရှိပါသည်။

    ဤသို့ သွေးလှူဒါန်းပွဲများကို (၈၅)ကြိမ်တိုင်တိုင် ကျင်းပပေးခဲ့ပြီး စေတနာ သွေး အလှူရှင်များ၏ သွေးပုလင်း/အိတ် စုစုပေါင်း (၂၂၈၇၆) ယူနစ်ကို အမျိုး သား သွေးဌာနသို့လှူဒါန်းပြီးဖြစ်ပါသည်။ မင်္ဂလာဗျူဟာပရဟိတအဖွဲ့မှလည်းသွေးလှူရှင်များအတွက်အာဟာရကုသိုလ် အဖြစ်လည်းကောင်း၊ ဦးသိန်းမောင် ဇနီး ဒေါ်ပါပါး စန္ဒီပရဆေးမိသားစု နှင့် Royal Ruby Co.,Ltd တို့မှ ပဒေသာမဲ (အမှတ်တရ ပစ္စည်းများ)ပေးရန်အ တွက်အလှူငွေများ၊ပစ္စည်းများကိုလည်းကောင်းနှစ်စဉ်နှစ်တိုင်းတစ်ဖက်တစ် လမ်းမှ တတ်အားသရွေ့ ကုသိုလ်ပြု လှူဒါန်းပေးလျက်ရှိပါသည်။ငွေ၊အရာဝ တ္တု အစရှိသည့်အပြင်ပစ္စည်းများကိုလှူဒါန်းခြင်းသည်ဒါနပါရမီမြောက်ပါ သည်။ကိုယ်အင်္ဂါအသွေးအသားများကိုလှူဒါန်းခြင်းသည်ဒါနဥပပါရမီမြောက် ပါသည်။အသက်ကိုလှူခြင်းသည်ဒါနပရမတ္ထပါရမီမြောက်ပါသည်။ဒါနဥပါရ မီမြောက်စေရန် သွေးလှူဒါန်းခြင်းဖြင့်ဖြည့်ကျင့်စေလိုပါသည်။သင့်သွေးဖြင့် အသက်ကယ်စေလိုသောဆန္ဒဖြင့်မင်္ဂလာဗျူဟာအသင်း၏ဒါနပါရမီသွေးလှူ ဒါန်းပွဲမှ စေတနာသွေးအလှူရှင်များကို မင်္ဂလာဖြင့် အစဉ်ကြိုဆိုနေပါသည်။

    မင်္ဂလာဗျူဟာအသင်းချုပ်
    အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း- ၃၇၀ ၉၅၀
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    စနေမောင်မယ်သွေးလှူရှင်အသင်း

    စနေမောင်မယ်သွေးလှူဒါန်းခြင်း အဖွဲ့အစည်းကို တောင်ဥက္ကလာပစေတီ တော်၏ စနေနေ့သန့်ရှင်းရေးအဖွဲ့မှ ၂၀၀၀ခုနစ် ဇွန်လိုင်လ ၂၂ ရက်နေ့ တွင်စတင်ဖွဲ့စည်း ခဲ့ပါသည်။ သွေးအိတ်ပေါင်း ၇၀၀ ပုလင်း ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    နယ်လှည့်သွေးလှူဒါန်းယာဉ်
    နယ်လှည့်သွေးလှူဒါန်းယာဉ် (Blood Mobile Car) အတွင်းတွင်စေတနာ သွေးလှူရှင် ၆ ဦး တစ်ပြိုင်တည်း သွေးလှူဒါန်းနိုင်ပါသည်။ သွေးလှူရှင်များ သက်တောင့်သက်သာ သွေးလှူနိုင်ရန်အတွက် ကားအတွင်းတွင် Air con တပ်ဆင်ပေးထားပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    စုပေါင်းသွေးလှူဒါန်းပွဲ
    “နှစ်သစ်ကို ကြိုဆိုသောအားဖြင့်
    ပထမအကြိမ်
    အင်ဖိုရစ်သမ်မေ့စ် ကုမ္ပဏီလီမိတက်၏ စုပေါင်းသွေးလှူဒါန်းပွဲ“

    စေတနာသွေးလှူရှင်များကိုမင်္ဂလာဖြင့်ကြိုဆိုပါ၏။
    ဖေဖေါ်ဝါရီလ (၃)ရက်၊ ၂၀၀၇ခုနှစ်။

    မြန်မာနိုင်ငံ သွေးလှူဘဏ်ရာဇ၀င်
    ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၉ ခုနစ်တွင် သွေးများ သိုလှောင်ထားနိုင်ရန်ရည် ရွယ်ကာသွေးဘဏ်တစ်ခု ကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ သွေး ဘဏ်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ၁၉၄၅ ခုနစ် တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးရှိ ရင်ခွဲရုံအပေါ်ထပ် တွင် လုပ်ငန်းသဘောအဖြစ် သွေးလှူ ဘဏ်ကိုဖွင့် လှစ်ခဲ့ပါသည်။ [ဆက်လက်ဖတ်ရှုရန်]

    သွေးသွင်းကုသမှုရာဇ၀င်
    ၁၆၁၆ ခုနစ်တွင် ၀ီလျံဟာဗေး William Harvey သည် တိရိစ္တာန်များ၏ ခန္ဓာ ကိုယ်အတွင်း သွေးလှည့် ပတ်သွားလာမှုကို သိရှိခဲ့ပါသည်။ ရစ်ချဒ်လိုဝါ Richard Lower သည် ၁၆၆၅ ခုနစ်တွင် ခွေးတစ် ကောင်၏အသက်ကိုအခြားခွေး၏သွေးကိုသွင်းပေးပြီး ကယ်တင်နိုင်ခဲ့ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မေတ္တာဗျူဟာအသင်း
    နန်းဦး ဘုရားကြီးတန်ဆောင်း၊ဗိုလ်တထောင်စေတီ တော်၊ ဗိုလ်တထောင်မြို့နယ်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မိုးညိုမြို့နယ်သွေးလှူရှင်အကျိုးဆောင်အဖွဲ့
    သွေးလှူ ဒါန်းရေးလုပ်ငန်းများကို ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ဝင်များမှ စည်းရုံးဦးဆောင် ဆောင်ရွက်ခဲ့ ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူဒါန်းလျက်ရှိသောအဖွဲ့အစည်းများနှင့် ၎င်းတို့၏နေရပ်လိပ်စာများ
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။