• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Other Organization
    အခြားသောသွေးလှူအဖွဲ့အစည်းများ

    မိုးညှိမြို့နယ်သွေးလှူရှင်အကျိုးဆောင်အဖွဲ့၏
    လုပ်ငန်းဆောင်ရွက်ချက်များ


    ပဲခူးတိုင်း(အနောက်ပိုင်း) မိုးညိုမြို့နယ် တွင် ၁၉၇၀ပြည့်နှစ်၌ မြို့နယ်သွေးလှူ ဘဏ်ခွဲကို စတင်ဖွဲ့စည်းခဲ့ပြီး သွေးလှူ ရှင်စည်းရုံးရေး၊ သွေးရရှိရေး၊ လှူဒါန်း ရေးလုပ်ငန်းများကို စတင် ဆောင်ရွက် ခဲ့ပါသည်။ ထိုစဉ်ကမြို့နယ်သွေး လှူဘဏ်ခွဲ ကော်မတီဥက္ကဌမှာ ဒေါက် တာခင်မောင်တင့် ဖြစ်ပါသည်။သွေးလှူ ဒါန်းရေးလုပ်ငန်းများကို ကြက် ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ စည်းရုံးဦးဆောင် ဆောင်ရွက်ခဲ့ပါသည်။ဆေး ရုံမှသွေးလိုအပ်သည့် အခါတိုင်း အခမဲ့ သွေးလှူ ဒါန်းရေးကို စည်းရုံးဆောင် ရွက်ခဲ့ပါသည်။ ဆေးရုံမှ အားဆေးသာထောက်ပံ့ပါ သည်။ သွေးလှူရှင် လုပ်ငန်းများ ပိုမိုလျှင် မြန်တိုးတက်ဆောင်နိုင်ရေး အတွက် မြို့နယ်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၁၂-၁၂-၂၀၀၁) နေ့တွင် မြို့ နယ်သွေးလှူဘဏ်ခွဲအား မြို့နယ်သွေးလှူရှင် အကျိုးဆောင်အဖွဲ့ဟုပြင် ဆင် ဖွဲ့စည်းပြီး သွေးလှူရှင် အကျိုးဆောင်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် စေခဲ့ပါသည်။

    မြို့နယ်သွေးလှူရှင် အကျိုးဆောင်အဖွဲ့တွင်၊ အဖွဲ့ဝင်(၁၅) ဦးရှိပြီး၊ အဖွဲ့ ဥက္ကဌမှာ ဦးမြ၀င်း၊ ဒုတပ်ရင်းမှူး ကြက်ခြေနီဖြစ်ပြီး၊ အတွင်းရေးမှူးမှာ ဦးကျော်ရင် ဒုတပ်ခွဲမှူး ကြက်ခြေနီတို့ဖြစ်ပါသည်။

    မြို့နယ်သွေးလှူရှင်အကျိုးဆောင်အဖွဲ့ရည်ရွယ်ချက်

    ၁။ သွေးသွင်းကုသရန် လိုအပ်သည့်လူနာတိုင်းအား အချိန်မရွေးဆင်းရဲ ချမ်းသာမရွေး လူမျိုးဘာသာမရွေး အခမဲ့သွေးရရှိရေး။
    ၂။ ခေတ်စနစ်နှင့် မလျော်ညီသော သွေးရောင်းဝယ်ရေးစနစ်ပပျောက်ရေး။
    ၃။ စေတနာသွေးလှူရှင်များပေါ်ပေါက်လာရေး။
    ၄။ စေတနာသက်သက်ဖြင့် လှူဒါန်းသည့်သွေးလှူရှင်များအား ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ရေး။
    အခြားသောသွေးလှူအဖွဲ့အစည်းများ
    စနေမောင်မယ်သွေးလှူရှင်အသင်း

    စနေမောင်မယ်သွေးလှူဒါန်းခြင်း အဖွဲ့အစည်းကို တောင်ဥက္ကလာပစေတီ တော်၏ စနေနေ့သန့်ရှင်းရေးအဖွဲ့မှ ၂၀၀၀ခုနစ် ဇွန်လိုင်လ ၂၂ ရက်နေ့ တွင်စတင်ဖွဲ့စည်း ခဲ့ပါသည်။ သွေးအိတ်ပေါင်း ၇၀၀ ပုလင်း ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    နယ်လှည့်သွေးလှူဒါန်းယာဉ်
    နယ်လှည့်သွေးလှူဒါန်းယာဉ် (Blood Mobile Car) အတွင်းတွင်စေတနာ သွေးလှူရှင် ၆ ဦး တစ်ပြိုင်တည်း သွေးလှူဒါန်းနိုင်ပါသည်။ သွေးလှူရှင်များ သက်တောင့်သက်သာ သွေးလှူနိုင်ရန်အတွက် ကားအတွင်းတွင် Air con တပ်ဆင်ပေးထားပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    စုပေါင်းသွေးလှူဒါန်းပွဲ
    “နှစ်သစ်ကို ကြိုဆိုသောအားဖြင့်
    ပထမအကြိမ်
    အင်ဖိုရစ်သမ်မေ့စ် ကုမ္ပဏီလီမိတက်၏ စုပေါင်းသွေးလှူဒါန်းပွဲ“

    စေတနာသွေးလှူရှင်များကိုမင်္ဂလာဖြင့်ကြိုဆိုပါ၏။
    ဖေဖေါ်ဝါရီလ (၃)ရက်၊ ၂၀၀၇ခုနှစ်။

    မြန်မာနိုင်ငံ သွေးလှူဘဏ်ရာဇ၀င်
    ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၉ ခုနစ်တွင် သွေးများ သိုလှောင်ထားနိုင်ရန်ရည် ရွယ်ကာသွေးဘဏ်တစ်ခု ကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ သွေး ဘဏ်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ၁၉၄၅ ခုနစ် တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးရှိ ရင်ခွဲရုံအပေါ်ထပ် တွင် လုပ်ငန်းသဘောအဖြစ် သွေးလှူ ဘဏ်ကိုဖွင့် လှစ်ခဲ့ပါသည်။ [ဆက်လက်ဖတ်ရှုရန်]

    သွေးသွင်းကုသမှုရာဇ၀င်
    ၁၉၃၇ ခုနစ်၊ ကမ္ဘာပထမဆုံး သွေးလှူဘဏ်ကို အမေရိကန်နိုင်ငံ၊ ချီကာမြို့တွင် ဖွင့်လှစ် ခဲ့ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မေတ္တာဗျူဟာအသင်း
    နန်းဦး ဘုရားကြီးတန်ဆောင်း၊ဗိုလ်တထောင်စေတီ တော်၊ ဗိုလ်တထောင်မြို့နယ်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မင်္ဂလာဗျူဟာအသင်းချုပ်
    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးတော်ရိပ် အောက်၌ရှိသော မင်္ဂလာဗျူဟာအ သင်းချုပ်သည် ၁၉၈၀ ပြည့်နှစ်မှစ၍ ဒါနပါရမီသွေးလှူဒါန်းပွဲကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ဒါနဥပါရမီမြောက်စေရန် သွေးလှူဒါန်းခြင်းဖြင့် ဖြည့်ကျင့်စေလိုပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူဒါန်းလျက်ရှိသောအဖွဲ့အစည်းများနှင့် ၎င်းတို့၏နေရပ်လိပ်စာများ
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။