• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • News
    သွေးလှူဒါန်းခြင်းဆိုင်ရာသတင်းများ

    မိုးညိုမြို့နယ် သွေးလှူရှင်အကျိုးဆောင်အဖွဲ့၏ သွေးလှူဒါန်းပွဲအခမ်းအနား

    မိုးညိုမြို့နယ်ရှိ သွေးလှူရှင်များ
    သွေးလှူဒါန်းနေပုံ
    [ဆက်လက်ကြည့်ရှုရန်ဓာတ်ပုံများ]
    မိုးညိုမြို့နယ် သွေးလှူရှင်အကျိုးဆောင်အဖွဲ့၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ၁.၁၂.၂၀၀၆ နေ့၊ နေ့ လည် ၁ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အမျိုးသားသွေးလှူဘဏ်တွင် ကျင်းပခဲ့ပါသည်။ မိုးညိုမြို့နယ် သွေးလှူရှင် အကျိုးဆောင်အဖွဲ့ တွင် သွေးလှူရှင်ပေါင်း ၅၄၀ အထက်ရှိပါသည်။ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မေတ္တာဝါဒီကျောင်းတိုက် မေတ္တာဝါဒီ ဆရာတော်၏သြ၀ါဒကိုခံယူပြီး မိုးညိုမြို့နယ် ကြက်ခြေနီတပ်ရင်း၊ မြို့နယ်သွေးလှူရှင် အကျိုး ဆောင်အဖွဲ့မှကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲ ကို ဗဟိုအမျိုးသားသွေးလှူဘဏ် တွင်ကျင်းပခဲ့ခြင်းမှာယခုအကြိမ်အပါအ၀င်စုစုပေါင်း ၆ကြိမ် တိုင်တိုင်ရှိပါ သည်။

    မေတ္တာဗျူဟာအသင်းချုပ်၏ သွေးလှူဒါန်းပွဲအခမ်းအနား

    မေတ္တာဗျူဟာအသင်းချုပ်၏
    သွေးလှူဒါန်းပွဲအခမ်းအနား၌
    သွေးလှူရှင်များသွေးလှူဒါန်းနေပုံ
    [ဆက်လက်ကြည့်ရှုရန်ဓာတ်ပုံများ]
     မေတ္တာဗျူဟာအသင်းချုပ်၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ၃.၁၂.၂၀၀၆ နေ့ နံနက် ၉ နာရီတိတိ တွင် ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့ပါသည်။မေတ္တာ ဗျူဟာအသင်းချုပ်၏ သွေးလှူဒါန်းခြင်းအကြိမ်အရေအတွက်မှာ (၉၇)ကြိမ်မြောက်ဖြစ်ပါသည်။မေတ္တာ ဗျူဟာအသင်းချုပ်ကြီးသည် အကြိမ် (၉၆)ကြိမ်ထိ မေတ္တာသွေးပုလင်းပေါင်း (၂၁၀၅၂)လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ နှစ်လလျှင်တစ်ကြိမ် (ဖေ ဖော်ဝါရီ၊ ဧပြီ၊ ဇွန်၊ သြဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ) ပထမပတ်၊ တနင်္ဂနွေနေ့ ၌ဗိုလ်တထောင်စေတီတော်ကြီး၌ ပုံမှန်ကျင်းပလျက်ရှိပါသည်။
    စနေမောင်မယ်သွေးလှူရှင်အသင်း၏ သွေးလှူဒါန်းပွဲအခမ်းအနား

    စနေမောင်မယ်သွေးလှူရှင်အသင်း၏
    သွေးလှူဒါန်းပွဲအခမ်းအနား၌
    သွေးလှူရှင်များသွေးလှူဒါန်းနေပုံ
    [ဆက်လက်ကြည့်ရှုရန်ဓာတ်ပုံများ]
    စနေမောင်မယ်သွေးလှူရှင်အသင်း၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ၁၀.၁.၂၀၀၆ နေ့ နံနက်၁၀နာရီတိတိတွင်ရန်ကုန်မြို့တောင်ဥက္ကလာစေတီတော်၌ကျင်းပခဲ့ပါသည်။ စနေ မောင်မယ် သွေးလှူဒါန်ခြင်းအဖွဲ့အစည်းကို တောင်ဥက္ကလာပစေတီတော်၏ စနေနေ့ သန့်ရှင်းရေးအဖွဲ့မှ၂၀၀၀ ခုနစ် ဇွန်လိုင်လ ၂၂ ရက်နေ့ တွင်စတင်ဖွဲ့စည်းခဲ့ပါသည်။ သွေးလှူဒါန်းပွဲများကို၎လတစ်ကြိမ်၊ တစ်နှစ်ကို၃ကြိမ် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ယနေ့သွေးလှူဒါန်းသောအကြိမ်အရေ အတွက်မှာ(၁၀) ကြိမ်တိုင်တိုင် ရှိပါသည်။ သွေးအိတ်ပေါင်း ၇၀၀ ပုလင်း ကိုလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

    မြန်မာနိုင်ငံ မိဘဂုဏ်ရည်သွေးလှူရှင်များအသင်း (လှိုင်သာယာ) ၏ သွေးလှူဒါန်းပွဲအခမ်းအနား

    မြန်မာနိုင်ငံမိဘဂုဏ်ရည်အသင်း၏
    သွေးလှူဒါန်းပွဲအခမ်းအနားမြင်ကွင်း
    [ဆက်လက်ကြည့်ရှုရန်ဓာတ်ပုံများ]
    မြန်မာနိုင်ငံ မိဘဂုဏ်ရည်သွေးလှူရှင်များအသင်း (လှိုင်သာယာ) ၏ သွေးလှူဒါန်းပွဲ
    အခမ်းအနားကို၁၂.၁၂.၂၀၀၆နေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေး
    ရုံကြီး၌ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံမိဘဂုဏ်ရည်သွေးလှူရှင်များအသင်းကို၈.၂.၂၀၀၆
    နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ သွေးလှူရှင်အသင်းဝင်ပေါင်း ၁၂၀၀ ဖြင့်ဖွဲ့စည်း
    ထားပါသည်။ ယခုသွေးလှူဒါန်းသောအကြိမ်အရေအတွက်မှာ(၁၇)ကြိမ်မြောက်ဖြစ်ပါ
    သည်။
    အမျိုးသားသွေးလှူဘဏ် သွေးလှူရှင်များဂုဏ်ပြုပွဲ အကြိမ် (၃၀)မြောက်အခမ်းအနား

    အမျိုးသားသွေးလှူဘဏ်အသင်း၏
    သွေးလှူဒါန်းပွဲအခမ်းအနားမြင်ကွင်း
    [ဆက်လက်ကြည့်ရှုရန်ဓာတ်ပုံများ]

    အမျိုးသားသွေးလှူဘဏ်သွေးလှူရှင်များဂုဏ်ပြုပွဲအကြိမ်(၃၀) မြောက်အခမ်းအနား
    ၁၄.၁၂.၂၀၀၆ နေ့ နက်၇နာရီတွင်ရန်ကုန်မြို့သူနာပြုတက္ကသိုလ်ဝင်းခန်းမဆောင်
    ကြီး၌ကျင်းပခဲ့ပါသည်။ သွေးလှူရှင်များဂုဏ်ပြုပွဲကိုနှစ်စဉ် ဒီဇင်ဘာ(၁၄) ရက်တိုင်း
    ပုံမှန်ကျင်းပပါသည်။ဂုဏ်ပြုပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာစေတနာသွေးလှူရှင်များ
    တိုးပွားရေး သွေးကောင်းသွေးသန့်သွေးအလှူရှင်များအနေနဲ့မိမိတို့ရဲ့သန့်ရှင်းနေ
    တဲ့သွေးတွေကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့်သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့
    ရောဂါများကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက်သွားရေးတို့ဖြစ်ပါသည်။သွေးလှူ
    ရှင်ဂုဏ်ပြုပွဲ နှစ်စဉ်ကျင်းပနိုင်ဖို့နိုင်ငံတော်၊ပြည်တွင်း၊ပြည်ပမှအစိုးရမဟုတ်သော
    လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအလှူရှင်များက၀ိုင်းဝန်းပံ့ပိုးပေးကြပါသည်။

    မေတ္တာဝါဒီ ဆရာတော်ဘုရားကြီး၏သြ၀ါဒကိုခံယူပြီး မိုးညိုမြို့နယ် သွေးလှူရှင်အကျိုးဆောင်အဖွဲ့၏ သွေးလှူဒါန်းပွဲအခမ်းအနား

    မိုးညိုမြို့နယ် သွေးလှူရှင်အကျိုး ဆောင်အဖွဲ့၏ သွေးလှူဒါန်းပွဲ
    အခမ်းအနားမြင်ကွင်း
    ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မေတ္တာဝါဒီ၊ ဟင်္သာတ(ပရဟိတ) ကျောင်းတိုက်ပဓါန မေတ္တာဝါဒီ ဆရာတော်ဘုရားကြီး၏သြ၀ါဒကိုခံယူပြီး မိုးညှိမြို့နယ်ကြက်ခြေနီတပ်ရင်း၊ မြို့နယ်သွေးလှူရှင်အကျိုးဆောင်အဖွဲ့မှ ကြီးမှူး၍ မိုးညှိမြို့ရှိ သွေးလှူသည့်အကြိမ် (၁)ကြိမ် မှ (၆၃)ကြိမ် အထိ သွေးလှူရှင် (၅၄၀) ဦးတို့အား (၁၀)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲကို၁၇-၁-၂၀၀၇) နေ့တွင် လူပုဂ္ဂိုလ်သွေးလှူရှင်များအား မဟာသုမင်္ဂလသီဟ ကြေးသွန်းဘုရားကြီး အာရုံခံတန်ဆောင်း၌ လည်းကောင်း၊ (၂၀-၁-၂၀၀၇) နေ့တွင် သံဃာတော်သွေးလှူရှင်များအား ဗုဒ္ဓမြတ်စွယ်တော် အာရုံခံတန်ဆောင်း၌ လည်းကောင်း ကျင်းပခဲ့ပါသည်။

    အခမ်းအနားသို့ မေတ္တာဝါဒီ ဆရာတော်ဘုရားကြီးမှ ကြွရောက်ဂုဏ်ပြုချီးမြှင့်ပြီး မိုးညှိမြို့နယ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များမှ သွေးလှူရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလွှာများကို ချီးမြှင့်ခဲ့ကြပါသည်။ 
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။