• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Organization
    မြန်မာနိုင်ငံ သွေးလှူဘဏ်ရာဇ၀င်

    ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၉ ခုနစ်တွင် သွေးများသိုလှောင်ထားနိုင်ရန်ရည် ရွယ်ကာ သွေးဘဏ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ သွေး ဘဏ်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ၁၉၄၅ ခုနစ် တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးရှိ ရင်ခွဲရုံအပေါ်ထပ်တွင် လုပ်ငန်းသဘောအဖြစ် သွေးလှူ ဘဏ်ကိုဖွင့် လှစ်ခဲ့ပါသည်။
    အမျိုးသားသွေးလှူဘဏ်ဖြစ်မြောက်ရေးကော်မီတီကို ၁၉၆၂ ခုနစ် ဒီဇင်ဘာ လ ၁၄ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနစ် ဒီဇင်ဘာလ ၁၄ရက်နေ့ကို သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ သွေးလှူရှင်များအား သွေးလှူရှင်တံဆိပ်ကို စတင်ပေးခဲ့ကာဂုဏ်ပြုခဲ့ပါသည်။ ယခုအခါ အမျိုးသား သွေးလှူဘဏ်ဖြစ်မြောက်ရေးကော်မီတီအပြင်အခြားသွေးလှူဒါန်းလျက်ရှိသော အဖွဲ့အစည်း (၂၃)ဖွဲ့ရှိပါ သည်။  ၎င်းအဖွဲ့အစည်းများမှာ (၁) မင်္ဂလာဗျူဟာ အသင်းချုပ် (၂) မေတ္တာဗျူဟာအသင်း (၃) စနေမောင်မယ်အသင်း (၄) မြန်
    မာနိုင်ငံ မိဘဂုဏ်ရည်သွေးလှူရှင်အသင်း (၅) မြန်မာနိုင်ငံ မိဘဂုဏ်ရည် သွေး လှူရှင်အဖွဲ့ (၆) ညောင်တုန်းမြို့နယ်သွေးလှူရှင်အသင်း (၇) စာရင်းစစ်ချုပ်ရုံး (၈) ကုန်သည်ကြီးများ ဟိုတယ် (၉) ဘုရင့်နောင်ဈေးသာ ယာရေးအဖွဲ့ (၁၀) မွန်မြတ်ဖြူစင်သွေးလှူရှင် (အရှင်ဆေကိန္ဒ) (၁၁) ရှိုင်း ဟုတ်ကုမ္ပဏီ၊မေတ္တာ မွန်အဖွဲ့ (၁၂) ရန်ကုန်တက္ကသိုလ် (ပင်မ)ကြက်ခြေနီ အသင်း(၁၃) ရန်ကုန်အ
    ရှေ့ပိုင်းတက္ကသိုလ်ကြက်ခြေနီအသင်း(၁၄)ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကြက်ခြေနီအသင်း (၁၅)စီးပွားရေးတက္ကသိုလ် ကြက်ခြေနီအသင်း (၁၆) နိုင်ငံ
    ခြားဘာသာတက္ကသိုလ် ကြက်ခြေနီအသင်း (၁၇) ဆေးတက္ကသိုလ် (၁) ရန် ကုန် (၁၈)သမ၀ါယမဒီဂရီကောလိပ်ကြက်ခြေနီ အသင်း (၁၉) ပဲခူးဒီဂရီကော
    လိပ် ကြက်ခြေနီအသင်း (၂၀)ထေရ၀ါဒဗုဒ္ဓ သာသနာထိန်းသိမ်းစောင့်ရှောက်
    ရေးအသင်း (၂၁) ရွှေထီးဆောင်းဆရာတော် အရှင်အာဒိစ္စာလင်္ကာရ (၂၂) အလင်းစေတမန်အဖွဲ့ (အရှင်ဆန္ဒဓိက) (၂၃) မိုးညိုမြို့နယ်သွေးလှူရှင်အကျိုး ဆောင်အဖွဲ့ တို့ဖြစ်ပါသည်။


    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    စနေမောင်မယ်သွေးလှူရှင်အသင်း

    စနေမောင်မယ်သွေးလှူဒါန်းခြင်း အဖွဲ့အစည်းကို တောင်ဥက္ကလာပစေတီ တော်၏ စနေနေ့သန့်ရှင်းရေးအဖွဲ့မှ ၂၀၀၀ခုနစ် ဇွန်လိုင်လ ၂၂ ရက်နေ့ တွင်စတင်ဖွဲ့စည်း ခဲ့ပါသည်။ သွေးအိတ်ပေါင်း ၇၀၀ ပုလင်း ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    နယ်လှည့်သွေးလှူဒါန်းယာဉ်
    နယ်လှည့်သွေးလှူဒါန်းယာဉ် (Blood Mobile Car) အတွင်းတွင်စေတနာ သွေးလှူရှင် ၆ ဦး တစ်ပြိုင်တည်း သွေးလှူဒါန်းနိုင်ပါသည်။ သွေးလှူရှင်များ သက်တောင့်သက်သာ သွေးလှူနိုင်ရန်အတွက် ကားအတွင်းတွင် Air con တပ်ဆင်ပေးထားပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးသွင်းကုသမှုရာဇ၀င်
    ၁၆၁၆ ခုနစ်တွင် ၀ီလျံဟာဗေး William Harvey သည် တိရိစ္တာန်များ၏ ခန္ဓာ ကိုယ်အတွင်း သွေး လှည့်ပတ် သွားလာမှုကို သိရှိခဲ့ပါသည်။ သို့သော်မအောင်မြင် ခဲ့ပါ။ [ဆက်လက်ဖတ်ရှုရန်]

    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မင်္ဂလာဗျူဟာအသင်းချုပ်
    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးတော်ရိပ် အောက်၌ရှိသော မင်္ဂလာဗျူဟာအ သင်းချုပ်သည် ၁၉၈၀ ပြည့်နှစ်မှစ၍ ဒါနပါရမီသွေးလှူဒါန်းပွဲကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မေတ္တာဗျူဟာအသင်း
    နန်းဦး ဘုရားကြီးတန်ဆောင်း၊ဗိုလ်တထောင်စေတီ တော်၊ ဗိုလ်တထောင်မြို့နယ်။ [ဆက်လက်ဖတ်ရှုရန်]
    အခြားသောသွေးအလှူအဖွဲ့အစည်းများ
    မိုးညိုမြို့နယ်သွေးလှူရှင်အကျိုးဆောင်အဖွဲ့
    သွေးလှူ ဒါန်းရေးလုပ်ငန်းများကို ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ဝင်များမှ စည်းရုံးဦးဆောင် ဆောင်ရွက်ခဲ့ ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူဒါန်းလျက်ရှိသောအဖွဲ့အစည်းများနှင့် ၎င်းတို့၏နေရပ်လိပ်စာများ
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။