• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Sample Form
    သွေးလှူဒါန်းမည့်အလှူရှင် ဖြည့်စွက်ရမည့် နမူနာပုံစံ

    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
    ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန

    သွေးလှူရှင်မှဖြည့်စွက်ရန်

    သင်၏ သန့်စင်သောသွေးဖြင့် လူနာများ၏အသက်ကိုကယ်တင်နိုင်ရန်နှင့် သွေးလှူခြင်းအားဖြင့် သင့်အား အန္တရာယ်မဖြစ်စေရေးအတွက် အောက်ပါမေးခွန်းများကို ကျေးဇူးပြု၍ မှန်ကန်စွာ ဖြေဆိုပေးစေလိုပါသည်။

    ၁။ သင်ယခင်ကသွေးလှူဒါန်းဖူးပါသလား။
    ရှိ မရှိ
    ၂။ သင်နောက်ဆုံးတစ်ကြိမ် သွေးလှူစဉ်က - မူးမော်ခြင်း၊ သွေးကြောရှာရခက်ခြင်း၊ သတ်မှတ်ချက်မပြည့်၍ သွေးမလှူခဲ့ရခြင်း (သို့) အခြားကိစ္စရပ်များ ဖြစ်ခဲ့ဖူးပါသလား။
    ရှိ မရှိ
    ၃။ သင်၏အသက် (၁၈)နှစ်မှ (၅၅)နှစ်အတွင်းရှိပြီး ကျန်းမာရေးကောင်းမွန်သည်ဟုခံစား ရပါသလား။
    ရှိ မရှိ
    ၄။ လွန်ခဲ့သောညက အနည်းဆုံး (၆) နာရီခန့် အိပ်ရေးဝအောင်အိပ်ခဲ့ပြီး၍ လန်းလန်းဆန်းဆန်း ရှိပါသလား။
    ရှိ မရှိ
    ၅။ လွန်ခဲ့သော (၇) ရက်အတွင်း ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်ခဲ့ပါသလား။
    ရှိ မရှိ
    ၆။ လွန်ခဲ့သော (၃) လ အတွင်း ကိုယ်အလေးချိန် သိသိသာသာ လျော့ကျခဲ့ခြင်းရှိပါသလား။
    ရှိ မရှိ
    ၇။ လွန်ခဲ့သော (၃) ရက်အတွင်းက အက်(စ)ပရင်ဆေးပြား၊ အကိုက်အခဲပြောက် ဆေးပြားများ သောက်သုံးခဲ့ပါသလား။
    ရှိ မရှိ
    ၈။ လွန်ခဲ့သော (၁၄)ရက် အတွင်း ပဋိဇီဝဆေး (ရောဂါပိုးသတ်ဆေး) တစ်မျိုးမျိုး သုံးစွဲခဲ့ခြင်းရှိပါသလား။
    ရှိ မရှိ
    ၉။ သင် အသည်းရောင် အသားဝါရောဂါ ဖြစ်ခဲ့ဖူးပါသလား။
    ရှိ မရှိ
    ၁၀။ သင်၏ အတူနေမိသားစုတွင် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိသူ ရှိပါသလား။
    ရှိ မရှိ
    ၁၁။ သင်သည် အသည်းရောင် အသားဝါရောဂါ လူနာတစ်ဦးဦးအား အနီးကပ်ပြုစုခဲ့ဖူးပါသလား။
    ရှိ မရှိ
    ၁၂။ သွားနှင့် ခံတွင်းဆိုင်ရာကုသမှု မကြာခဏ ခံယူဖူးပါသလား။
    ရှိ မရှိ
    ၁၃။ လွန်ခဲ့သော (၆) လ အတွင်း အကြီးစားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်းရှိပါသလား။
    (ခွဲစိတ်ကုသမှု ကိုဖော်ပြပါ …………………………………………………..)
    ရှိ မရှိ
    ၁၄။ လွန်ခဲ့သော (၁) နှစ်အတွင်းက
    (က) ဆေးမှင်ကြောင်ထိုးဖူးပါသလား။
    (ခ) နားဖောက်ဖူးပါသလား။
    (ဂ) ဆေးထိုးအပ်စူးမိဖူးပါသလား။
    (ဃ) ဓာတ်အပ်စိုက်ဖူးပါသလား။
    ရှိ မရှိ
    ၁၅။ အကျဉ်းကျခံဖူးပါသလား။
    ရှိ မရှိ
    ၁၆။ အကြောတွင်း မူးယစ်ဆေးထိုးသွင်းဖူးပါသလား။
    ရှိ မရှိ
    ၁၇။ လွန်ခဲ့သော (၁) နှစ်အတွင်း သွေး သို့မဟုတ် သွေးရည်ကြည် သွင်းခံရဖူးခြင်းရှိပါသလား။
    ရှိ မရှိ
    ၁၈။ အကြောင်းအမျိုးမျိုးကြောင့် သူတပါးသွေးနှင့် မိမိအရေပြား ထိတွေ့ဖူးပါသလား။
    ရှိ မရှိ
    ၁၉။ လွန်ခဲ့သော (၂၁) ရက်အတွင်း ကာကွယ်ဆေးတစ်မျိုးမျိုးထိုးခဲ့ဖူးခြင်းရှိပါသလား။
    ရှိ မရှိ
    ၂၀။ လွန်ခဲ့သော (၃) နှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ခဲ့ဖူးပါသလား။
    ရှိ မရှိ
    ၂၁။ လွန်ခဲ့သော (၁) နှစ်အတွင်း ငှက်ဖျားပေါသောဒေသသို့ ရောက်ခဲ့ဖူးခြင်းရှိပါသလား။
    ရှိ မရှိ
    ၂၂။ သင်၌ ဖြော်ပပါရောဂါများရှိပါသလား။ ပန်းနာရင်ကြပ်ရောဂါ၊ အတက်ရောဂါ၊ အရေပြားရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို / သွေးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ သွေးမတိတ်ရောဂါ၊ (အခြားရောဂါ…………………………………………….)
    ရှိ မရှိ
    ၂၃။ လွန်ခဲ့သော (၃) ပတ်အတွင်းက ဗိုင်းရပ်(စ်)ပိုးကြေင့် ဖြစ်သောရောဂါများဖြစ်သည့် ၀က်သက်၊ ပါးချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက် တို့ဖြစ်ခဲ့ဖူးပါသလား။
    ရှိ မရှိ
    ၂၄။ သင်သည် လိင်အပျော်အပါးလိုက်စားသောအကျင့် ရှိပါသလား။
    သင်သည် တစ်ဦးထက်ပိုသော အဖော်များနှင့် လိင်ဆက်ဆံခြင်းရှိပါသလား။
    လိင်တူခြင်း ဆက်ဆံဖူးပါသလား။
    အခကြေးငွေယူ၍ လိင်ဆက်ဆံဖူးပါသလား။
    ကာလသား ရောဂါဖြစ်ဖူးပါသလား။
    ရှိ မရှိ
    ၂၅။ သင် အရက် အလွန်အကျွံ သောက်တတ်ပါသလား။
    ရှိ မရှိ
    အမျိုးသမီးများအတွက်  
    ၂၆။ သင်ယခု ဓမ္မတာလာနေပါသလား။
    ရှိ မရှိ
    ၂၇။ လွန်ခဲ့သော (၆)လ အတွင်း ကလေးမီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခဲ့ခြင်း ရှိပါသလား။
    ရှိ မရှိ
    ၂၈။ သင်ယခု ကိုယ်ဝန်ရှိနေပါသလား။
    ရှိ မရှိ
    ၂၉။ သင်ယခု ကလေးနို့တိုက်နေခြင်း ရှိပါသလား။
    ရှိ မရှိ
    ၃၀။ ခင်ပွန်း၏ အလုပ်အကိုင် ………………………။
    ရှိ မရှိ
    အထက်ဖော်ပြပါမေးခွန်းများကို သေချာစွာဖတ်ရှုပြီး ကျွန်ုပ်သိသမျှ မှန်ကန်စွာ ဖြေဆိုခဲ့ကြောင်း ကတိပြုပါသည်။
        ထိုးမြဲလက်မှတ် အမည်
    မှတ်ပုံတင်အမည် အလုပ်အကိုင်
    ရက်စွဲ
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
     
    သွေးလှူဒါန်းရန် သင့်၊ မသင့်-
    သင့်ပါသည်
    မသင့်ပါ
    “သွေးလိုသူများကိုကြင်နာပါ“

    “သွေးလိုသူများကိုကြင်နာပါ“
    “သွေးလှူဒါန်းခြင်းသည် ထပ်ကာတလဲလဲ သင်ဆောင်ရွက်ပေးနိုင်သည့်
    အကောင်းဆုံးအလှူဖြစ်ပါသည်။“
    (………………………)
    တာဝန်ခံဆရာဝန်
    သွေးလှူဘဏ်
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။