• Organization
  • Blood information
  • Donating the blood
  • Donor list
  • News
  • FAQ
  • Interviews
  • Sample form
  • Photo album
  • Contact us
  • Who Shouldnot Donate?
    ဘယ်သူတွေသွေးမလှူသင့်သလဲ

  • ရောဂါဖြစ်နေသူများ၊ ကျန်းမာရေးမကောင်းသူများ၊ အရက် သေစာသောက် ထားသူများနှင့် ဆေးဝါးကုသခံနေသူများ။
  • မူးယစ်ဆေးဝါးသုံး စွဲသူများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး အကြောထဲထိုး သူများ။
  • လိင်အပျော်အပါး လိုက်စားသူများ၊ ကာလသားရောဂါဖြစ်ဖူးသူများ။
  • လွန်ခဲ့သော ၃ နှစ်အတွင်း ငှက်ဖျားရောဂါခံစားဖူးသူများ။
  • လွန်ခဲ့သော ၃ ပတ်အတွင်း ၀က်သက်၊ ပါး ချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက်ဖြစ်သူများ။
  • လွန်ခဲ့သော ၂၁ ရက် အတွင်း ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားသူများ။
  • လွန်ခဲ့သော ၆ လအတွင်း ခွဲစိတ်ကုသခံရသူများ။
  • လွန်ခဲ့သော ၆ လ အတွင်းက ဆေးမင်ကြောင် ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊
  • ဆေးအပ်စိုက်ခဲ့ခြင်း အစရှိသည်တို့ကိုပြုလုပ်ထားသောသူ များ။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်လောင်းများ၊ ရာသီသွေး လာ နေသော အမျိုးသမီးများ။
  • လွန်ခဲ့သော (၁)နှစ်အတွင်း ခွဲစိတ်ကုသမှုခံ ယူခဲ့သူများ။
  • လွန်ခဲ့သော တစ်နှစ်အတွင်း သွေးသွင်းခံရသူများ။
  • မိမိ (သို့) မိမိ မိသားစုအတွင်း အသည်းရောဂါ အသားဝါရောဂါဖြစ်နေ သူများ။
  • လွန်ခဲ့သော ၁၄ ရက်အတွင်း ပဋိဇီဝဆေးဝါးသုံးစွဲခဲ့သူများ။
  • လွန်ခဲ့သော ၃ ရက်အတွင်း ဆေး ၀ါးများ မှီဝဲခြင်း ( ဥပမာ - Aspirin, Ponstan, Antibiotic)
  • လွန်ခဲ့သော ၃ လအတွင်း ကိုယ်အလေးချိန်သိသိသာသာလျော့ကျလာ သူများ။
  • လွန်ခဲ့သော ၇ ရက်အတွင်း ၀မ်းပျက်၊ ၀မ်းလျောရောဂါဖြစ်သူများ။
  • လွန်ခဲ့သော ၃ ရက်အ တွင်း သွားနှုတ်ထားသူများ။
  • ပြီးခဲ့သည့်ညက အနည်းဆုံး ၆ နာရီ အိပ်ရေးဝ အောင်မအိပ်ခဲ့သူများ။

  • သွေးလှူရှင်တိုင်းသိမှတ်စရာ
    ရာနှုန်းပြည့် ရောဂါပိုးကင်းစင်သော သွေး ရရှိရေးအတွက် သွေးလှူရှင်ကိုယ် တိုင်က မိမိကိုယ် မိမိ မှန်ကန်စွာ ဆန်းစစ် ခြင်းသည်သာ အဓိကဖြစ်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူခြင်းဖြင့် သင့်တွင်အန္တရာယ် မဖြစ်ရန်လိုအပ်ပါသည်။သွေးသွင်းခံရသူတွင်လည်း
    သွင်းသည့်သွေးကြောင့် ရောဂါမဖြစ်ရန်အရေးကြီးပါသည်။
    ဘယ်သူတွေ သွေး
    လှူနိုင်ပါသလဲ။

    အသက်(၁၈)နှစ်မှ (၅၅)နှစ်
    အကြားရှိ ကျန်းမာရေး
    ကောင်းမွန်သူအားလုံး
    ဘယ်နေရာတွေမှာသွေးလှူနိုင်ပါသလဲ။
    ဘယ်သူတွေ သွေးမလှူသင့်သလဲ။
    သင်သည်လူ့ဘ၀အတွက်အရေးကြီးဆုံး
    သောကွက်လပ်ကိုဖြည့်ပေးနိုင်စွမ်းရှိသူ
    ဖြစ်လိုပါသလား။

    သွေးလှူဒါန်းရေး လုပ်ငန်းအဆင့် (၄)ဆင့်
    (၁) မှတ်ပုံတင်ခြင်း
    (၂) ကျန်းမာရေးစစ်ဆေးခြင်း
    (၃) သွေးလှူဒါန်းခြင်း
    (၄) အနားယူခြင်းနှင့်အာဟာရပြန်လည်
    ဖြည့်တင်းခြင်း [ဆက်လက်ဖတ်ရှုရန်]
    သွေးလှူဒါန်းပြီးနောက်သွေးလှူရှင်များ
    လိုက်နာရန်အချက်များ

    သွေးလှူပြီးပါက တစ်ခါတစ်ရံမူးမော်ခြင်းဖြစ်တတ် သည့်အတွက်၊ သွေးမလှူမီ အစာတစ်ခုခုနှင့် အရည် တစ်မျိုးမျိုးကို ကြိုတင်စားသောက်ထားပါ။
    [ဆက်လက်ဖတ်ရှုရန်]

    သွေးရောင်းသူများ
    သွေးလှူသူနှင့် သွေးလက်ခံသူကိုပါ အန္တရာယ် ဖြစ်စေနိုင်၍ အခ ကြေးငွေဖြင့်သွေးလှူသူ များအား မသင့်တော်သူများအဖြစ်သတ်မှတ်ခြင်း ဖြစ်ပါသည်။ [ဆက်လက်ဖတ်ရှုရန်]
     
    မွန်မြတ်သော အလှူဒါန
    သင့်သွေးတစ်စက်ဖြင့်အသက်ကယ်ပါ။