စတင်ဖွဲ့စည်းပုံရည်ရွယ်ချက်ရန်ပုံငွေစည်းကမ်းအသင်းဝင်ခြင်းအဘယ်ကြောင့်ဆက်သွယ်သင့်သနည်းအဓိကလှုပ်ရှားသူများ သွေးလှူရှင်မှတ်တမ်း
သင့်သွေးဖြင့် အသက်ကယ်ပါ
Uni Fellas နှင့်ပတ်သက်ပြီး သိလိုသမျှကို အသေးစိတ်သိရှိလိုပါက-
Uni Fellas Kyaw Su Han No.33, DhamaSeinda Street, KyaukMyaung , Tarmway Home Phone: 01-548384 Mobile : 09-5123 606 Email: kyawsuhan@gmail.com Aung Myo Khine No.102, Room.102, Aung Thukha Street, HantharYeikMon Housing. Kamayut Tsp Email : aungmyo.khine@gmail.com Home phone : 01-502998 Mobile : 09 80 25 777 Our Teams email : unifellas@gmail.com Aung Myo Khine
ဤအသင်းကို ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၁ခုနှစ်မှစတင်၍ ဤအသင်းဝင်သွေးအလှူရှင်များသည် တစ်သီးတစ်ခြား (၄)လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းလာရာမှ စိတ်တူကိုယ်တူ သူငယ်ချင်းများဖြင့် အရေးပေါ်သွေးလိုအပ်သော လူနာများကိုထိရောက်စွာ ကူညီ နိုင်ရန် လူမှုရေးအသင်းအနေဖြင့် ပေါင်းစည်းခဲ့သည်။ ယခင်နှစ်များ၌ ဤအသင်း၏အမည်ဖြင့် သွေး လှူဒါန်းခြင်းမပြုခဲ့သော်လည်း အမာခံသွေးလှူရှင် (၁၅) ဦးဖြင့် (၄) လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်း ခဲ့ပါသည်။ သို့သော် လူနာများ၏သွေးလိုအပ်ချက်အရ အရေးပေါ်သွေး (Fresh Blood) လှူဒါန်းနိုင်ရန်အတွက် ၂၀၀၇ခုနှစ်၊ မတ်လမှစတင်ကာ (၄)လတစ်ကြိမ်သွေးလှူဒါန်းသည့်အဖွဲ့နှင့် အရေးပေါ်သွေးလှူသည့် အဖွဲ့ဟူ၍ အသွင်တစ်မျိုးဖြင့် ကူညီလှူဒါန်းခဲ့ရာ ယခုဆိုလျှင် လူနာရှင်ပေါင်း (၈၀)ကျော်ခန့် အား သွေးလှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ လူနာအများစုမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဂျပန်ဆေးရုံနှင့်ကလေး ဆေးရုံ အစရှိသည်တို့မှ ဖြစ်ပါသည်။ အဓိကသွေးလိုအပ်သူများမှာလည်း သွေးကင်ဆာလူနာ၊ မွေး ရာပါသွေးအားနည်းရောဂါရှင်များနှင့် သွေးလွန်တုပ်ကွေးလူနာများဖြစ်ပါသည်။ အသင်းဝင်အင်အား မှာလည်း (၄၀)ခန့် ရှိပြီဖြစ်ပါသည်။ သို့သော် ၄င်းဝေဒနာရှင်များအတွက် လိုအပ်နေသောသွေးများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သွေးသန့်အလှူရှင်များ ဆက်လက်လိုအပ်လျက် ရှိနေပါသည်။ အ သင်းဝင်ထားခြင်းဖြင့် သွေးလှူရှင်များ၏ သွေးအမျိုးအစားများနှင့် လိပ်စာများကို စုစည်းပြီးဖြစ် သဖြင့် သွေးလိုအပ်သောလူနာများကို ထိရောက်စွာကူညီနိုင်မည်ဖြစ်ပါသည်။ ဤသို့သွေးလှူဒါန်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ ခံစားချက်ပီတိသာဖြစ်ပါသည်။ ထို့အပြင် သွေးလှူခြင်းအားဖြင့် လူ့လောကတွင် လိုအပ်နေသော ကွက်လပ်များ၏တစ်ခုကို ဖြည့်ဆည်းပေး ရာ ရောက်ပါသည်။ သွေးသည်ယခုအချိန်အထိ အတုလုပ်၍ မရသေးပါ။ အလှူရှင်မှ လှူဒါန်းမှသာ လျှင် လူနာများအတွက် သွေးကိုရရှိနိုင်ပါသည်။ လူသားချင်း မကယ်တင်လျှင် ကယ်တင်မည့် သတ္တ၀ါဟူ၍ ဤကမ္ဘာတွင် မရှိပါ။ ထို့ကြောင့် လူသားတစ်ယောက်ဖြစ်သောမိတ်ဆွေသင်လည်း သွေးလိုအပ်ချက်ဆိုသည့် ကွက်လပ် ကိုဖြည့်ဆည်းပေးခြင်းအားဖြင့် လူသားတို့၏ အသက်ကိုကယ်တင်သည့် အဓိကစွမ်းဆောင်ရှင် ဖြစ်သွားပါမည်။ ထို့ကြောင့် သင့်သွေးဖြင့် လူသားတို့၏အသက်ကိုကယ်တင်ပါ။