အတိုင်းမသိ မွန်မြတ်သော အလှူဒါနတစ်ခု

သွေးလှူခြင်းသည် မိမိ၏ကိုယ်၌ဖြစ် သော အသက်သွေးဖြင့် အခြားတစ်ပါး သူ၏အသက်ကို ကယ်တင်စောင့် ရှောက်ရခြင်းဖြစ်သည့်အတွက် အတိုင်းမသိ မွန်မြတ်သော အလှူဒါနတစ်ခု ဖြစ်ပါသည်။

အစဉ်ထာဝရ လက်ကမ်းကြိုဆိုလျက်ပါ....

Blood Type

အသင်း အကြောင်းအမှာစကားအသင်း ဖွဲ့စည်းပုံအသင်း လှုပ်ရှားမူရင်တွင်းစကားဆက်သွယ်ရန်

သင့်သွေးဖြင့် အသက်ကယ်ပါ

ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ (၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ
လပြည့်ဝန်းပလာဇာ (၁၀လွှာ)တွင် ဇွန်လ (၆)ရက်နေ့ ကျင်းပမည်။

www.yinkhonethan.ning.com


ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ ဒွါရဒသမ (၁၂) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ
မြန်မာအင်ဖိုတက်ခ်တွင် အောင်မြင်စွာ ကျင်းပပြီးစီး။

၂၀၀၉ ခုနှစ် ၊ ဧပြီလ (၄) ရက်နေ့ မြန်မာအင်ဖိုတက်ခ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ရင်ခုန်သံသွေးလှူရှင်အသင်း၏ ၁၂ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် လာရောက်လှူဒါန်းသူ (၈၀) ဦးမှ သွေးပုလင်း စုစုပေါင်း (၆၅) ပုလင်းကို ရန်ကုန်ဆေးရုံကြီး ၊ အမျိုးသားသွေးဌာနသို့ လှူဒါန်းနိုင်ခဲ့ပါသည်။ ပူးပေါင်းပါဝင်သွေးလှူဒါန်းခဲ့ကြသည့် စေတနာသွေးလှူရှင်များနှင့် ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲများ စဉ်ဆက်မပြတ် ရေရှည်ရပ်တည် လုပ်ဆောင်နိုင်အောင် အစစအရာရာ ကူညီပံ့ပိုးပေးကြသည့် City Mart (Super Market) ၊ Revital ၊ Inforithm-Maze နှင့်
Myanmar Info-Tech တို့ကိုလည်း အသင်းမှ ကျေးဇူးဥပကာတင်ရှိကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ယခုသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင်တို့ကို Revital (ဆေးဝါး) အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝေငှပေးသည့်
RANBAXY Laboratories Limited မိသားစု ၊ ကျန်းမာရေးနှင့် ဗဟုသုတအလိုငှာ သွေးလှူရှင်တို့အား ဂျာနယ်များ လက်ဆောင်ပေးသည့် Good Health ၊ Family Health ၊ 7day News Journal နှင့် Internet Journal တိုက်တို့အား အသင်းအနေဖြင့် ကျေးဇူးအထူးပင်တင်ရှိပါသည်။

................................................ // ................................................

သွေးအလှူရှင်နှင့် ဒါနအလှူရှင်များ ဖိတ်ခေါ်ပါသည်

ရင်ခုန်သံသွေးလှူရှင်အသင်း စတင်ဖြစ်တည်လာခြင်း

  • ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက် (စနေနေ့) တွင် “ရင်ခုန်သံသွေးလှူရှင်အသင်း” အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို စတင်ခဲ့ပါသည်။
  • ရုပ်ရှင်ဂီတ အနုပညာရှင်၊ အိုင်တီပညာရှင်များနှင့် အခြားလူမှုနယ်ပယ်အသီးသီးမှ စေတနာသွေးလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြပါသည်။

စီးဆင်းခဲ့သော ရင်ခုန်သံ စည်းချက်များ

  • နှစ်နှစ်တာကာလအတွင်း စုပေါင်းသွေးလှူဒါန်းပွဲပေါင်း စုစုပေါင်း (၁၁) ကြိမ် ကျင်းပနိုင်ခဲ့ပြီး၊ သွေးယူနစ်ပေါင်း (၁၀၀၀) နီးပါးကို ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးဌာနသို့ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
  • ဒဂုံမြို့နယ် ၊ လပြည့်ဝန်းပလာဇာ(၁၀လွှာ)နှင့် မြန်မာအင်ဖိုတက်ခ် (လှိုင်တက္ကသိုလ်) တို့တွင် (တစ်လှည့်စီ) နှစ်လတစ်ကြိမ် စုပေါင်းသွေးလှူဒါန်းပွဲများ စဉ်ဆက်မပြတ် ကျင်းပခဲ့ပါသည်။ ** (နှစ်လတစ်ကြိမ် စုံဂဏန်းကျသော လများ၏ (ပထမပတ် ၊ စနေနေ့များ) တွင် စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပခြင်းဖြစ်၍ သွေးလှူဒါန်းသူများအနေဖြင့် မိမိနှင့် သင့်လျော်သည့် အချိန် (လပိုင်း) တွင် ပူးပေါင်းပါဝင် လှူဒါန်းနိုင်ပါသည်။)

အရေးပေါ်သွေး လိုအပ်ချက်

  • ပုံမှန် သွေးလှူဒါန်းမှုများအပြင် (အခါအားလျော်စွာ) အရေးပေါ် သွေးလိုအပ်ချက်များကို အချိန်မီ ရှာဖွေဖြည့်ဆည်းပေး နိုင်ခဲ့ခြင်းကြောင့် သွေးနှင့် ပတ်သက်သည့် အားထားရာ “သွေးလှူရှင်အသင်းတစ်ခု” အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။

သွေးနှင့် ပတ်သက်သည့် ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်း

  • တစ်ကြိမ်တစ်ခါမှ သွေးမလှူဒါန်းဖြစ်ကြသည့် လူငယ်များအား စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာသော မွန်မြတ်သန့်စင်သည့် သွေးလှူရှင်များဖြစ်လာစေရန်နှင့် သန့်စင်သော သွေးအလှူရှင်များ ဖြစ်စေရန် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။

စေတနာရှင်များ၏ ပံ့ပိုးကူညီမှု

  • စေတနာရှင်များ၏ ကောင်းမှုကြောင့် သွေးလှူဒါန်းရာတွင် အသုံးပြုရန် ဆေးရုံသုံးကုတင် (၁၂) လုံးကို အသင်းပိုင်အဖြစ် ပိုင်ဆိုင်ထားပြီးဖြစ်သည်။
  • စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းကြသော အလှူငွေများကြောင့် စုပေါင်းသွေးလှူဒါန်းပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင် ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၉ ခုနှစ်အတွက် ဖိတ်ခေါ်ခြင်း

  • ရင်ခုန်သံသွေးလှူရှင်အသင်းအနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲများ ဆက်လက်ကျင်းပသွားနိုင်ရေးအတွက် စေတနာရှင်များ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်မှုများအား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါသည်။

အလှူရှင်များ ဆက်သွယ်နိုင်ရန်

ပက်ထရစ် (အီးမေးလ် - patrick.minn@gmail.com ၊ ဖုန်း ၀၁ - ၇၂၁ ၅၇၈)
ကေသွယ်နှင်း (အီးမေးလ် - kaythwehnin@gmail.com ၊ ဖုန်း ၀၁ - ၂၄၃ ၅၄၂)

www.yinkhonethan.ning.com

...........................................................................//............................................................................

ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ ဧကဒသမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ
လပြည့်ဝန်းပလာဇာ (၁၀လွှာ)တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့။

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့်အတူ ယခုဧကဒသမအကြိမ်မြောက် စုပေါင်းပါဝင်သွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၇၀) နီးပါးဖြင့် ဖေဖော်ဝါရီ (၇) ရက်နေ့က ရင်ခုန်သံသွေးလှူရှင်အသင်းရုံးချုပ် တည်ရှိရာ ဒဂုံမြို့နယ်၊ လပြည့်ဝန်းပလာဇာ (၁၀လွှာ)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်းနှင့် ပူးပေါင်းပါဝင်သွေးလှူဒါန်းခဲ့ကြသည့် စေတနာသွေးလှူရှင်များ၊ စေတနာအလျောက် အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲများ စဉ်ဆက်မပြတ် ရေရှည်ရပ်တည် လုပ်ဆောင်နိုင်အောင် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့ကြသည့် အလှူရှင်များကိုလည်း ကျေးဇူးဥပကာတင်ရှိကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ယခုသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင်တို့ကို သံဓါတ်အားတိုးဆေး (ဆေးဝါး) အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝေငှပေးသည့်
RANBAXY Laboratories Limited မိသားစုအား အသင်းအနေဖြင့် ကျေးဇူးအထူးပင်တင်ရှိပါသည်။

[ ရင်ခုန်သံသွေးလှူရှင်အသင်း ]

...........................................................................//............................................................................

ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒါနဥပပါရမီ ဒသမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့။

၂၀၀၈ ခုနှစ် ၊ ဒီဇင်ဘာ ၂၀ ရက် စနေနေ့က မြန်မာအင်ဖိုတက်ခ် တွင် ကျင်းပပြုလုပ်ခဲ့သည့် ရင်ခုန်သံသွေးလှူရှင်အသင်း၏ ဒသမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် ယခင်စံချိန်များထက် သာလွန်သောနှုန်းဖြင့် သွေး (၇၃) ယူနစ်ကို အမျိုးသားသွေးဌာနသို့ အချိန်စောလျင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြသော နယ်ပယ်အသီးသီးမှ စေတနာသွေးလှူရှင်တို့အားလည်းကောင်း၊ သွေးလှူဒါန်းပွဲအတွက် ငွေကြေးထည့်ဝင်ခဲ့ကြသူတို့အားလည်းကောင်း၊ သွေးလှူဒါန်းပွဲနေရာ စီစဉ်ပေးခဲ့သည့် Myanmar Info-Tech အားလည်းကောင်း၊ သွေးလှူရှင်တို့အား သွေးလှူဒါန်းမှုအဆင့်ဆင့်အတွက် စိတ်ရှည်စွာ လုပ်ဆောင်ပေးသည့် အမျိုးသားသွေးဌာနမှ တာဝန်ခံဆရာမနှင့် ဆေးဝန်ထမ်းအားလုံးတို့အားလည်းကောင်း၊ သွေးလှူရှင်တို့အား လာရောက်အားပေးစကားပြောကြားပေးသည့် ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)နှင့် ကိုကျော်နိုင် (Living Color)တို့အားလည်းကောင်း၊ Alpine ရေသန့် စီစဉ်ပေးသည့် ကိုမြင့်မောင်အားလည်းကောင်း၊ သွေးလှူရှင်တို့အား ကျန်းမာရေးဆေးပညာဂျာနယ်များ ပေးသည့် Good Health Journal အားလည်းကောင်း၊ ပွဲကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ညီ/ညီမငယ်တို့အားလည်းကောင်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။

[ ရင်ခုန်သံသွေးလှူရှင်အသင်း ]

 

စုပေါင်းသွေးလှူဒါန်းပွဲမှာ ပူးပေါင်းပါဝင် သွေးလှူဒါန်းကြပါစို့

စုပေါင်းသွေးလှူဒါန်းပွဲရက်များ
၂၀၀၉ ခုနှစ်မှစတင်ပြီး၊ ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲရက်များကို စုံလများဖြစ်သည့် ဖေဖော်ဝါရီ ၊ ဧပြီ ၊ ဇွန် ၊ သြဂုတ် ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ (ပထမပတ် - စနေနေ့တိုင်း) ပြုလုပ်သွားရန် စီစဉ်ထားပါကြောင်း စေတနာသွေးလှူရှင်နှင့် အလှူရှင်များကို အသိပေးအပ်ပါတယ်။

သွေးလှူရန် ဟီမိုကလိုဘင် ပြည့်ရန် လိုအပ်ပါတယ်။ ဟီမိုကလိုဘင် မပြည့်ပါက သွေးမလှူသင့်ပါ။
မပြည့်ခဲ့လျှင် - ဒီစာလေးကို နှိပ်ပြီး [ ဟီမိုကလိုဘင် မပြည့်ဝလျှင် ဘာလုပ်ရမလဲ ] ဖတ်ပေးပါ။

..........................................................................................................................

န၀မအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့။

အောက်တိုဘာ (၄) ရက်၊ စနေနေ့က လပြည့်ဝန်းပလာဇာ (၁၀ထပ်) တွင် ကျင်းပခဲ့သော ရင်ခုန်သံသွေးလှူရှင်အသင်း၏ န၀မအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် (၇၁) ဦး သွေးလှူဒါန်းဖြစ်ခဲ့ပါတယ်။ ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြသည့် စေတနာသွေးလှူရှင်များနှင့် သွေးလှူဒါန်းရန် လာရောက်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ယခုအကြိမ် သံဓါတ်မပြည့်ဝသောကြောင့် သွေးလှူခွင့် မရလိုက်သူများကို - နောက်တစ်ကြိမ် သွေးလှူဒါန်းနိုင်ရန် ဒီစာလေးကို [ ဟီမိုကလိုဘင် မပြည့်ဝလျှင် ဘာလုပ်ရမလဲ ] တစ်ဆိတ်လောက် ဖတ်ပါ။

သန့်စင်သောစေတနာဖြင့် သွေးလှူဒါန်းသူများကို ၄ လတစ်ကြိမ် ဆက်လက် သွေးလှူဒါန်းရန် ဖိတ်ခေါ်တိုက်တွန်းပါတယ်။ ကျေးဇူးတင်ပါတယ်

ဖိတ်ခေါ်ခြင်း

ပူးပေါင်းပါဝင် ဆောင်ရွက်လိုသူများအတွက်
ရင်ခုန်သံသွေးလှူရှင်အသင်းတွင် ပူးပေါင်းပါဝင်ကာလုပ်ကိုင်ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်ပါတယ်။ အသင်းသားအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။ သွေးလှူဒါန်းပွဲရက်များတွင် အသင်းဝင်ပုံစံကို ဖြည့်စွက်ပြီး၊ ဓါတ်ပုံနှစ်ပုံနှင့်တကွ လာရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

ရင်ခုန်သံသွေးလှူရှင်အသင်း သွေးလှူဒါန်းပွဲများ

ကျွန်တော်တို့ ရင်ခုန်သံသွေးလှူရှင်အသင်းကို ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းခဲ့ပြီး၊ စုပေါင်းသွေးလှူဒါန်းပွဲများကို (နှစ်လတစ်ကြိမ်) လပြည့်ဝန်းနှင့် မြန်မာအင်ဖိုတက်ခ်တို့တွင် စဉ်ဆက်မပြတ် စုပေါင်းသွေးလှူဒါန်းပွဲများ လှူဒါန်းခဲ့ကြသည့်မှာ ဒသမအကြိမ်မြောက်ပင် ရှိပါပြီ။

ဒီလို စုပေါင်းသွေးလှူဒါန်းပွဲများတွင် -
၁။ မိမိတို့၏ သန့်စင်သောသွေးကို စဉ်ဆက်မပြတ် လှူဒါန်းကြပေးသည့် နယ်ပယ်အသီးသီးမှ စေတနာသွေးလှူရှင်များ
၂။ ရန်ကုန်ဆေးရုံကြီး ၊ အမျိုးသားသွေးဌာနမှ ဆရာဝန် ၊ ဆရာမနှင့် ကျန်းမာရေး ၀န်ထမ်းများ၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုနှင့်
၃။

သွေးလှူဒါန်းပွဲများတွင် ငွေကြေး၊ အာဟာရနှင့် ဆေးဝါးစသည့်တို့ကို ကူညီထောက်ပံ့ ထည့်ဝင် လှူဒါန်းကြသည့် အလှူရှင်များကြောင့်သာ ဖြစ်ပါသည်။

အလှူရှင်များကို ကျေးဇူးတင်ပါတယ်။


ဖြည့်ဆည်းပေးခြင်း
စုပေါင်းသွေးလှူဒါန်းပွဲရက်များအပြင် ဆေးရုံများတွင် (စံပြဆေးရုံ ၊ မြောက်ဥက္ကလာပဆေးရုံ ၊ ဗဟိုအမျိုးသမီးဆေးရုံ ၊ ကလေးဆေးရုံကြီး) တက်ရောက်ကုသမူ ခံယူနေကြသောလူနာများ၏ အရေးပေါ် သွေးလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ရင်ခုန်သံသွေးလှူရှင်အသင်းမှ မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်ကာ သွေးလှူရှင်များနှင့် ချိတ်ဆက်လှူဒါန်းပေးနိုင်ခဲ့ပါသည်။

......................................................................................................................

အလှူရှင်များ လှူဒါန်းသော ဆေးရုံသုံးခေါက်ကုတင်များ သွေးလှူဒါန်းပွဲများတွင် အသုံးပြုနေပါပြီ။

ဆေးရုံသုံးခေါက်ကုတင်ကို သွေးလှူရှင်များ သွေးလှူဒါန်းရာတွင် အသုံးပြုပါသည်။ သယ်ယူရ လွယ်ကူစေသလို ပေါ့ပါးခိုင်ခံသော သံခေါက်ကုတင် အမျိုးအစားပါ။ သွေးလှူအသင်းများကို ယခုကဲ့သို့ ခေါက်ကုတင်များ လှူဒါန်းလိုပါက ရင်ခုန်သံသွေးလှူရှင်အသင်းကို ဆက်သွယ်ပါ။


အလှူရှင်များ လှူဒါန်းထားသည့် ခေါက်ကုတင်ပုံစံ

စဉ် ကုတင်အလှူရှင်အမည် အရေအတွက်
၁။ အမျိုးသားသွေးဌာန၊ ရန်ကုန်ဆေးရုံကြီး ၃ လုံး
၂။ Credent Technology (Myanmar Info-Tech) ၃ လုံး
၃။ ကိုညီညီဇော်စိုး+မစပယ်အောင်၊ သားလေး မင်းသန့်ညီ ၁ လုံး
၎။ ဦးမျိုးလှိုင်အောင်၊ ဦးကျော်စိုးမင်း၊ ဒေါ်ခိုင်နွယ်သိမ်း၊ ဒေါ်စုငြိမ်းအေး ၁ လုံး
၅။ ဦးဝင်းမောင်မောင် (စိန်ဂေဟာ စူပါစင်တာ) ၁ လုံး
၆။ အရိပ်မဲ့ရင်သွေးအဖွဲ့ ၁ လုံး
၇။ မမေ၀င်းမွန် (7Day News) ၁ လုံး
၈။ ဦးဌေးလွင်+ဒေါ်မော်မော် (ဌေးမိသားစု၊ တောင်ဥက္ကလာပ) ၁ လုံး

စုပေါင်းသွေးလှူဒါန်းပွဲများတွင် အသုံးပြုရန် အသင်းပိုင်အဖြစ် ခေါက်ကုတင် (၁၂) လုံး လှူဒါန်းပေးခဲ့ကြသော ကုတင်အလှူရှင်များကို ရင်ခုန်သံသွေးလှူရှင်အသင်းမှ ကျေးဇူးတင်ပါတယ်။

- ရင်ခုန်သံသွေးလှူရှင်အသင်း

အသင်းပိုင်ကုတင် မရှိခင်တုန်းက
ရင်ခုန်သံသွေးလှူရှင်အသင်းမှာ အသင်းပိုင်ကုတင် မရှိခင်တုန်းက စုပေါင်းသွေးလှူဒါန်းပွဲ တစ်ပွဲကျင်းပပြုလုပ်ရန် -
၁။ ကုတင်ငှားရန်၊ ၂။ ကျင်းပမည့်နေရာနှင့် ၃။ အမျိုးသားသွေးဘဏ်တို့ကို တစ်ပြိုင်တည်း အဆင်ပြေအောင် ချိတ်ဆက်လုပ်ဆောင် ကျင်းပခဲ့ရပါတယ်။ အမျိုးသားသွေးဘဏ်နှင့်လည်း ကျင်းပမည့်နေ့ရက်ကို ကြိုတင်ချိတ်ဆက် မထားနိုင်ခဲ့ပါ။

ခုတော့ ကုတင်လည်း ပြည့်စုံပြီဆိုတော့ -
အဆင်ပြေချောမောအောင်မြင်စွာ စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပနိုင်ပါပြီ။ အမျိုးသားသွေးဘဏ်နှင့်လည်း ကျင်းပမည့်နေ့ရက်ကို ကြိုတင်ချိတ်ဆက်ထားနိုင်ခဲ့ပါပြီ။ (စုံလတွေရဲ့ ပထမပတ် စနေနေ့တွေပါ၊ မမေ့ကြနဲ့နော်)

သင်ဖတ်ရှုနေချိန်
ဒီစာပိုဒ်လေးကို သင်ဖတ်ရှုနေချိန်တွင် သွေးလိုအပ်၍ သေခြင်းတရားနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော လူနာများစွာ စောင့်ဆိုင်းလျှက် ရှိပါသည်။ အဆိုပါ လူနာများအတွက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့သည် အုပ်စုတူညီသော သွေးရနိုင်မှု၊ မရနိုင်မှုတို့အပေါ် မူတည်နေပါသည်။

[ ကျေးဇူးပြုပြီး “မိနစ်အနည်းခန့် အချိန်ပေး၍ ဒီစာပိုဒ်ကလေးကို ဖတ်ရှုပေးစေလိုပါသည်။ နှိပ်ပါ။]


သွေးလှူဒါန်းခြင်းနှင့်ပတ်သက်သော အနုပညာရှင်များ၏ ရင်တွင်းစကားများး

ရတနာပုံ

မေး- သွေးလှူဒါန်းဖို့ စိတ်ဝင်စားပါသလား။
ပုံပုံ - စိတ်ဝင်စားပါတယ်။

မေး- ဒါဆို ပုံပုံသွေးလှူဒါန်းဖူးပါသလား။
ပုံပုံ- ပုံက ပိန်တယ်လေ။ ပိန်တော့ မလှူဖြစ်ဘူး ဖြစ်နေတာ။ ဒါပေမယ့် လှူနိုင်ဖို့ကြိုးစားနေတယ်။ ပုံသွေးလှူတာနဲ့ ပတ်သက်ပြီး feeling ရှိတယ်။ ပုံ မောင်လေးက သွေးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ဖူးတယ်လေ။ အဲဒီတုန်းက သားသား သွေးလိုတော့ ပုံက လှူနိုင်မယ့်လူတွေကို ရှာထားရတယ်။ သားသားသွေးက AB ဆိုတော့လေ။ ဒါပေမယ့် နောက်တော့ မလိုတော့ မယူလိုက်ရပါဘူး။ ဒါပေမယ့် အရေးပေါ်သွေးလိုအပ်တဲ့ လူဘက်က feeling ကိုတော့ လုံးဝ နားလည်သွားတယ်။

မေး-ဒါဆိုသွေးလှူဖို့ အခွင့်အရေးလည်း ကြုံလာမယ်။ ကျန်းမာရေးလည်းကောင်းနေမယ်ဆိုရင် ပုံပုံ သွေးလှူမယ်ပေါ့။
ပုံပုံ- လှူမှာပေါ့ အစ်မရယ်။ တကယ်လို့ Fit မဖြစ်လို့ လှူလို့ မရရင်တောင် သွေးလှူပွဲတွေမှာ Volunteer လုပ်ပေးမှာပါ။ ပုံတက်နိုင်တဲ့ဘက်က စည်းရုံးလှုံဆော်ပေးမှာပါ။

အနုပညာရှင်များ၏ သွေးလှူဒါန်းခြင်းနှင့်ပတ်သက်သော ရင်တွင်းစကားများး