အသင်း အကြောင်းအမှာစကားအသင်း ဖွဲ့စည်းပုံအသင်း လှုပ်ရှားမူရင်တွင်းစကားဆက်သွယ်ရန်မူလအစသို့

သင့်သွေးဖြင့် အသက်ကယ်ပါ

ပူးပေါင်းပါဝင်ဆင်နွှဲကြပါစို့

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပတ်သက်ပြီး သိလိုသမျှကို အသေးစိတ်သိရှိလိုပါက-

လပြည့်ဝန်းပလာဇာ
၁၀-ထပ်၊ အမှတ် ၃၇၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၂၄၃ ၅၄၂ ၊ ၇၂၁ ၅၇၈ ၊ ၀၉ ၅၁ ၇၃၂၅၅

Myanmar Info-Tech
အဆောင်(၁)၊ အခန်း(၇)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁ ၆၅၂ ၂၈၅ ၊ ၆၅၂ ၂၈၆

BLOG
www.yin-khone-than.blogspot.com/

စတင်လွှင့်တင်ခြင်းအထိမ်းအမှတ်

ရင်ခုန်သံသွေးလှူရှင်များအသင်း စတင်ဖြစ်ပေါ်လာပုံမှာ မည်သူမဆို သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ကောင်းစွာလေ့လာနိုင်ပြီး၊ သွေးလှူဒါန်းသည့် အဖွဲ့အစည်းများနှင့် အလွယ်တကူ ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ www.myanmarblooddonation.com ဟူသည့် ၀က်ဘ်ဆိုက် တစ်ခုကို လွှင့်တင်ခြင်းမှ အစပြုခဲ့ပါသည်။

အသင်းစတင်ဖွဲ့စည်းဖြစ်ခဲ့ခြင်း

ပြည်သူချစ်သောအနုပညာရှင်များ၊ အိုင်တီနည်းပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ စေတနာသွေးလှူရှင်များ စုပေါင်း၍ ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲများကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်မှ စတင် လှူဒါန်းဖြစ်ခဲ့ပါသည်။ ငွေကြေးနှင့် ၀ယ်ယူမရနိုင်သည့် ကျန်းမာရေး လိုအပ်ချက်တစ်ရပ်သည် အလွန်အရေးကြီးကြောင်းကို အများသူငါ ပိုမိုသိရှိလာစေရန်နှင့် မွန်မြတ်သည့် ဒါနတစ်ခုကို အတူပူးပေါင်းဆောင်ရွက်ရန်နှင့် သွေးလှူရှင်များ ပိုမိုများပြားလာစေရန်နှင့် စသော ရည်ရွယ်ချက်ဖြင့် ရင်ခုန်သံသွေးလှူရှင်အသင်းကို ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။