လှုပ်ရှားဆောင်ရွက်မူများ
ကျွန်တော်တို့ ရင်ခုန်သံသွေးလှူရှင်အသင်းကို ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းပြီး၊ စုပေါင်းသွေးလှူဒါန်းပွဲများကို (နှစ်လတစ်ကြိမ်) လပြည့်ဝန်းနှင့် မြန်မာအင်ဖိုတက်ခ်တို့တွင် စဉ်ဆက်မပြတ် စုပေါင်းသွေးလှူဒါန်းပွဲများ လှူဒါန်းခဲ့ကြသည့်မှာ န၀မအကြိမ်မြောက်ပင် ရှိပါပြီ။
ဖြည့်ဆည်းပေးခြင်း
စုပေါင်းသွေးလှူဒါန်းပွဲရက်များအပြင် ဆေးရုံများတွင် (စံပြဆေးရုံ ၊ မြောက်ဥက္ကလာပဆေးရုံ ၊ ဗဟိုအမျိုးသမီးဆေးရုံ ၊ ကလေးဆေးရုံကြီး) တက်ရောက်ကုသမူ ခံယူနေကြသောလူနာများ၏ အရေးပေါ် သွေးလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ရင်ခုန်သံသွေးလှူရှင်အသင်းမှ မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်ကာ သွေးလှူရှင်များနှင့် ချိတ်ဆက်လှူဒါန်းပေးနိုင်ခဲ့ပါသည်။