စုပေါင်းသွေးလှူဒါန်းပွဲများကို
ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲရက်များကို စုံလများဖြစ်သည့် ဖေဖော်ဝါရီ ၊ ဧပြီ ၊ ဇွန် ၊ သြဂုတ် ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ (ပထမပတ် - စနေနေ့တိုင်း) ပြုလုပ်သွားရန် စီစဉ်ထားပါကြောင်း စေတနာသွေးလှူရှင်နှင့် အလှူရှင်များကို အသိပေးအပ်ပါတယ်။
သွေးလှူရန် ဟီမိုကလိုဘင် ပြည့်ရန် လိုအပ်ပါတယ်။ ဟီမိုကလိုဘင် မပြည့်ပါက သွေးမလှူသင့်ပါ။
မပြည့်ခဲ့လျှင် - ဒီစာလေးကို နှိပ်ပြီး [ ဟီမိုကလိုဘင် မပြည့်ဝလျှင် ဘာလုပ်ရမလဲ ] ဖတ်ပေးပါ။
..........................................................................................................................
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့။
အောက်တိုဘာ (၄) ရက်၊ စနေနေ့က လပြည့်ဝန်းပလာဇာ (၁၀ထပ်) တွင် ကျင်းပခဲ့သော ရင်ခုန်သံသွေးလှူရှင်အသင်း၏ န၀မအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် (၇၁) ဦး သွေးလှူဒါန်းဖြစ်ခဲ့ပါတယ်။ ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြသည့် စေတနာသွေးလှူရှင်များနှင့် သွေးလှူဒါန်းရန် လာရောက်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ယခုအကြိမ် သံဓါတ်မပြည့်ဝသောကြောင့် သွေးလှူခွင့် မရလိုက်သူများကို - နောက်တစ်ကြိမ် သွေးလှူဒါန်းနိုင်ရန် ဒီစာလေးကို [ ဟီမိုကလိုဘင် မပြည့်ဝလျှင် ဘာလုပ်ရမလဲ ] တစ်ဆိတ်လောက် ဖတ်ပါ။
သန့်စင်သောစေတနာဖြင့် သွေးလှူဒါန်းသူများကို ၄ လတစ်ကြိမ် ဆက်လက် သွေးလှူဒါန်းရန် ဖိတ်ခေါ်တိုက်တွန်းပါတယ်။ ကျေးဇူးတင်ပါတယ်
|
ဖိတ်ခေါ်ခြင်း
ပူးပေါင်းပါဝင် ဆောင်ရွက်လိုသူများအတွက်
ရင်ခုန်သံသွေးလှူရှင်အသင်းတွင် ပူးပေါင်းပါဝင်ကာလုပ်ကိုင်ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်ပါတယ်။ အသင်းသားအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။ သွေးလှူဒါန်းပွဲရက်များတွင် အသင်းဝင်ပုံစံကို ဖြည့်စွက်ပြီး၊ ဓါတ်ပုံနှစ်ပုံနှင့်တကွ လာရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
|
ရင်ခုန်သံသွေးလှူရှင်အသင်း သွေးလှူဒါန်းပွဲများ
ကျွန်တော်တို့ ရင်ခုန်သံသွေးလှူရှင်အသင်းကို ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းခဲ့ပြီး၊ စုပေါင်းသွေးလှူဒါန်းပွဲများကို (နှစ်လတစ်ကြိမ်) လပြည့်ဝန်းနှင့် မြန်မာအင်ဖိုတက်ခ်တို့တွင် စဉ်ဆက်မပြတ် စုပေါင်းသွေးလှူဒါန်းပွဲများ လှူဒါန်းခဲ့ကြသည့်မှာ န၀မအကြိမ်မြောက်ပင် ရှိပါပြီ။
| ဒီလို စုပေါင်းသွေးလှူဒါန်းပွဲများတွင် - |
| ၁။ |
မိမိတို့၏ သန့်စင်သောသွေးကို စဉ်ဆက်မပြတ် လှူဒါန်းကြပေးသည့် နယ်ပယ်အသီးသီးမှ စေတနာသွေးလှူရှင်များ
|
| ၂။ |
ရန်ကုန်ဆေးရုံကြီး ၊ အမျိုးသားသွေးဌာနမှ ဆရာဝန် ၊ ဆရာမနှင့် ကျန်းမာရေး ၀န်ထမ်းများ၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုနှင့်
|
| ၃။ |
သွေးလှူဒါန်းပွဲများတွင် ငွေကြေး၊ အာဟာရနှင့် ဆေးဝါးစသည့်တို့ကို ကူညီထောက်ပံ့ ထည့်ဝင် လှူဒါန်းကြသည့် အလှူရှင်များကြောင့်သာ ဖြစ်ပါသည်။
အလှူရှင်များကို ကျေးဇူးတင်ပါတယ်။ |
|
ဖြည့်ဆည်းပေးခြင်း
စုပေါင်းသွေးလှူဒါန်းပွဲရက်များအပြင် ဆေးရုံများတွင် (စံပြဆေးရုံ ၊ မြောက်ဥက္ကလာပဆေးရုံ ၊ ဗဟိုအမျိုးသမီးဆေးရုံ ၊ ကလေးဆေးရုံကြီး) တက်ရောက်ကုသမူ ခံယူနေကြသောလူနာများ၏ အရေးပေါ် သွေးလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ရင်ခုန်သံသွေးလှူရှင်အသင်းမှ မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်ကာ သွေးလှူရှင်များနှင့် ချိတ်ဆက်လှူဒါန်းပေးနိုင်ခဲ့ပါသည်။
|
......................................................................................................................
အလှူရှင်များ လှူဒါန်းသော ဆေးရုံသုံးခေါက်ကုတင်များ သွေးလှူဒါန်းပွဲများတွင် အသုံးပြုနေပါပြီ။
ဆေးရုံသုံးခေါက်ကုတင်ကို သွေးလှူရှင်များ သွေးလှူဒါန်းရာတွင် အသုံးပြုပါသည်။ သယ်ယူရ လွယ်ကူစေသလို ပေါ့ပါးခိုင်ခံသော သံခေါက်ကုတင် အမျိုးအစားပါ။ သွေးလှူအသင်းများကို ယခုကဲ့သို့ ခေါက်ကုတင်များ လှူဒါန်းလိုပါက ရင်ခုန်သံသွေးလှူရှင်အသင်းကို ဆက်သွယ်ပါ။
သင်ဖတ်ရှုနေချိန်
ဒီစာပိုဒ်လေးကို သင်ဖတ်ရှုနေချိန်တွင် သွေးလိုအပ်၍ သေခြင်းတရားနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော လူနာများစွာ စောင့်ဆိုင်းလျှက် ရှိပါသည်။ အဆိုပါ လူနာများအတွက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့သည် အုပ်စုတူညီသော သွေးရနိုင်မှု၊ မရနိုင်မှုတို့အပေါ် မူတည်နေပါသည်။
[
ကျေးဇူးပြုပြီး “မိနစ်အနည်းခန့် အချိန်ပေး၍ ဒီစာပိုဒ်ကလေးကို ဖတ်ရှုပေးစေလိုပါသည်။ နှိပ်ပါ။]
သွေးလှူဒါန်းခြင်းနှင့်ပတ်သက်သော
အနုပညာရှင်များ၏ ရင်တွင်းစကားများး