အသင်း အကြောင်းအမှာစကားအသင်း ဖွဲ့စည်းပုံအသင်း လှုပ်ရှားမူရင်တွင်းစကားဆက်သွယ်ရန်မူလအစသို့

သင့်သွေးဖြင့် အသက်ကယ်ပါ

သွေးလှူဒါန်းရန် လာရောက်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

ဟီမိုကလိုဘင်နှင့် သံဓါတ်

ယခုအကြိမ် ဟီမိုကလိုဘင် မပြည့်ဝသောကြောင့် သွေးလှူခွင့် မရလိုက်သူများကို နောက်တစ်ကြိမ်လှူဒါန်းရန် သိရှိလိုက်နာသင့်သည်များကို ဖတ်ရှုပေးပါ။

ဟီမိုကလိုဘင်
သွေးလှူရှင်များ သွေးလှူရန် လာရောက်သည့်အခါတွင် သွေးမလှူမီ သွေးထဲတွင် ဟီမိုကလိုဘင် (ပြည့် / မပြည့်) စစ်ဆေးပါသည်။

သွေးမလှူခင် စစ်ဆေးသော ဟီမိုကလိုဘင် မပြည့်ခြင်းသည် ရောဂါမဖြစ်သေးပါ။ သွေးလှူရန် မသင့်သေးခြင်းသာ ဖြစ်သည်။

ဟီမိုကလိုဘင်ဆိုသည်မှာ -
သံဓါတ်နှင့် ပရိုတင်းဓါတ်တစ်မျိုးတို့ ပူးပေါင်း၍ဖြစ်ပေါ်ပြီး သွေးနီဥများတွင် ရှိသည်။

ထို့ကြောင့် သံဓါတ်ချို့တဲ့ပါက သွေးအားနည်းခြင်း ဖြစ်နိုင်သည်။ သွေးအားနည်းခြင်း (ရှိ/မရှိ) သိရန် ဟီမိုဂလိုဘင်ကို စစ်ဆေးရပါတယ်။

ဟီမိုဂလိုဘင်သည် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအသီးသီးက လိုအပ်သည့် အောက်စီဂျင်ကို အဆုတ်မှတစ်ဆင့် သယ်ယူပို့ဆောင်သည်။

ဟီမိုဂလိုဘင်သည် -

 

ဟီမိုကလိုဘင် မပြည့်လျှင် ဘာလုပ်ရမလဲ

ဟီမိုကလိုဘင် မပြည့်ပါက သွေးမလှူသင့်သေးပါ။

သံဓါတ်ချို့တဲ့ခြင်းသည် အောက်ပါအကြောင်းများကြောင့် ဖြစ်ပွားနိုင်ပါသည်။

၁။ လိုအပ်သည့် သံဓါတ်များ ပြည့်ဝမှု မရှိခြင်း

၂။ ကိုယ်ခန္ဓာမှ သံဓါတ်ဆုံးရှုံးမှု များပြားခြင်း

သွေးလှူဒါန်းသည့်အခါတိုင်း သံဓါတ်များ ပါဝင်သွားသဖြင့် သွေးလှူရှင်များသည် ပုံမှန်သွေးလှူဒါန်းနိုင်ရန် သံဓါတ်ပြည့်ဝသည့် အစားအစာများကို စားသုံးရန် လိုအပ်ပါသည်။

 

သံဓါတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားပါ။

အသား ၊ ငါး ၊ အသည်း ၊ ဥနှင့် သွေးခဲများ ၊ ဟင်းနုနွယ် ၊ မုံညင်း ၊ ကန်စွမ်း ၊ ကင်းပုံ ၊ ချဉ်ပေါင် ၊ ကညွတ် ၊ ဂေါ်ဖီစိမ်း ၊ ပဲသီး ၊ မြင်းခွာ ၊ ကိုက်လန် စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ ၊ ပဲအမျိုးမျိုး စားတတ်မှ အကျိုးရှိမည်။

အသား ၊ ငါး ၊ အသည်းနှင့် ဘဲသွေး (သွေးခဲ) စသည့် တိရိစ္ဆာန်ထွက် အစားများတွင်ပါဝင်သော သံဓါတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်သဖြင့် ထိုအစာများကို တတ်နိုင်သလောက် စားပါ။

ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးတွင် ပါဝင်သော သံဓါတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်ရန် အသား ၊ ငါး ၊ ဥ တစ်မျိုးမျိုးနှင့် ရောနှော၍ ချက်ပါ။ (သို့မဟုတ်) သံဓါတ်စုပ်ယူမှုကို အားပေးသည့် အချဉ်နှင့် တွဲ၍စားပါ။

ဥပမာ -

သံဓါတ်စုပ်ယူမှုကို တားဆီးသောအချက်များ

လက်ဖက်သည် အူမှသံဓါတ်စုပ်ယူမှုကို အနှောက်အယှက်ပြုသဖြင့် ထမင်းစား ပြီးပြီးချင်း လက်ဖက်ရည်သောက်ခြင်း ၊ ရေနွေးကြမ်း ဖန်ဖန်သောက်ခြင်း ၊ လက်ဖက် စားခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။

သွေးလှူရှင်များသည် သွေးအားပြည့်စေရန် သံဓါတ်ပါဝင်သည့် အစားအစာများကို စားသုံးခြင်း၊ သံဓါတ်စုပ်ယူရာတွင် အတားအဆီးဖြစ်စေသည့် အပြုအမှုများကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်ရပါမည်။

သွေးလှူရန် ဟီမိုကလိုဘင် မပြည့်ပါက နောက်တစ်ကြိမ်ပြန်လည် လှူဒါန်းနိုင်မည့် အချိန်ကို တာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်ပါသည်။

သွေးအားပြည့်အောင် နေထိုင်စားသောက်ပြီး သွေးလှူရန် ဟီမိုကလိုဘင်ကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေး၍ လှူဒါန်းနိုင်ပါသည်။