အသင်း အကြောင်းအမှာစကားအသင်း ဖွဲ့စည်းပုံအသင်း လှုပ်ရှားမူရင်တွင်းစကားဆက်သွယ်ရန်မူလအစသို့

သင့်သွေးဖြင့် အသက်ကယ်ပါ

ပူးပေါင်းပါဝင်ဆင်နွှဲကြပါစို့

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပတ်သက်ပြီး သိလိုသမျှကို အသေးစိတ်သိရှိလိုပါက-

လပြည့်ဝန်းပလာဇာ
၁၀-ထပ်၊ အမှတ် ၃၇၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၂၄၃ ၅၄၂ ၊ ၇၂၁ ၅၇၈ ၊ ၀၉ ၅၁ ၇၃၂၅၅

Myanmar Info-Tech
အဆောင်(၁)၊ အခန်း(၇)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁ ၆၅၂ ၂၈၅ ၊ ၆၅၂ ၂၈၆

BLOG
www.yin-khone-than.blogspot.com/

သွေးလှူဒါန်းခြင်းနှင့်ပတ်သက်သော
အနုပညာရှင်များ၏ ရင်တွင်းစကားများး

ရတနာပုံ

မေး- သွေးလှူဒါန်းဖို့ စိတ်ဝင်စားပါသလား။
ပုံပုံ - စိတ်ဝင်စားပါတယ်။

မေး- ဒါဆို ပုံပုံသွေးလှူဒါန်းဖူးပါသလား။
ပုံပုံ- ပုံက ပိန်တယ်လေ။ ပိန်တော့ မလှူဖြစ်ဘူး ဖြစ်နေတာ။ ဒါပေမယ့် လှူနိုင်ဖို့ကြိုးစားနေတယ်။ ပုံသွေးလှူတာနဲ့ ပတ်သက်ပြီး feeling ရှိတယ်။ ပုံ မောင်လေးက သွေးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ဖူးတယ်လေ။ အဲဒီတုန်းက သားသား သွေးလိုတော့ ပုံက လှူနိုင်မယ့်လူတွေကို ရှာထားရတယ်။ သားသားသွေးက AB ဆိုတော့လေ။ ဒါပေမယ့် နောက်တော့ မလိုတော့ မယူလိုက်ရပါဘူး။ ဒါပေမယ့် အရေးပေါ်သွေးလိုအပ်တဲ့ လူဘက်က feeling ကိုတော့ လုံးဝ နားလည်သွားတယ်။

မေး-ဒါဆိုသွေးလှူဖို့ အခွင့်အရေးလည်း ကြုံလာမယ်။ ကျန်းမာရေးလည်းကောင်းနေမယ်ဆိုရင် ပုံပုံ သွေးလှူမယ်ပေါ့။
ပုံပုံ- လှူမှာပေါ့ အစ်မရယ်။ တကယ်လို့ Fit မဖြစ်လို့ လှူလို့ မရရင်တောင် သွေးလှူပွဲတွေမှာ Volunteer လုပ်ပေးမှာပါ။ ပုံတက်နိုင်တဲ့ဘက်က စည်းရုံးလှုံဆော်ပေးမှာပါ။

မယ်လိုဒီ

မေး - သွေးလှူတာ ၀ါသနာပါလား။
မယ်လိုဒီ - သွေးလှူတာဝါသနာပါတယ်။ ဒါပင်မယ့် တစ်ခါမှ မလှူဖူးဘူး။ ကျွန်မသွေးက သူများကို ပေးရလောက်အောင် ကျန်းမာရေး မပြည့်ဝဘူးလေ။

မေး- ဒါဆို သွေးလှူဒါန်းခြင်းကို ဘယ်လိုမြင်လဲ။
မယ်လိုဒီ- အရမ်းမွန်မြတ်တဲ့ လှူဒါန်းမှုတစ်ခုပါ။ ကျန်းမာရေးချို့တဲ့ နေသူတစ်ကယ်လိုအပ်နေတဲ့ အရာကို ကိုယ့်အသွေးအသားထဲက ဖဲ့ပေးလိုက်ရတဲ့ အလှူမျိုးလေ။ တကယ့်ကို ပီတီဖြစ်ဖို့ ကောင်းပါတယ်။

မေး- အခွင့်ကြုံလာတဲ့ အခါမှာ သွေးလှူးဒါန်းဖို့ ဆန္ဒရှိပါသလား။
မယ်လိုဒီ- အပြည့်အ၀ ရှိပါသည်။ ဒါကြောင့် ကျွန်မနေကောင်းအောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နေကောင်းမှ သူများကို ကျန်းမာတဲ့ သွေးကို ပေးနိုင်မှာလေ။

မေး- တကယ်လို ကိုယ်သွေးကို နေမကောင်းလို့ မလှူနိုင်ရင်ဘူးထားပါတော့------- ဒါပေမယ့် မယ်လိုဒီတို့လို celebrity တစ်ယောက် အနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ရော စိတ်ဝင်စားလား။
မယ်လိုဒီ- ၀င်စားပါတယ်။ ကိုယ်နေမကောင်းလို့ မလှူနိုင်ရင်တောင် သွေးလှူဒါန်းပွဲတွေမှာ Organized လုပ်ပေးချင်ပါတယ်။ Volunteer လုပ်ပေးပါ့မယ်။

သဇင်

မေး- သဇင် လှူဒါန်းဖူးတဲ့ အလှူတွေထဲမှာ ဘယ်အလှူကို အမွန်မြတ်ဆုံးလို့ထင်လဲ။
သဇင်- ကိုယ်ရဲ့ ချွေးနဲစာနဲ့ ရှာဖွေလို့ ရတဲ့ ၀င်ငွေနဲ့ လှူဒါန်းတုံးက တကယ်လို့ ပီတိဖြစ်ခဲ့ရပါတယ်။ ဒါက လူတိုင်းလည်း ခံစားဖူးမှာပေါ့နော်။ ဒါပင်မယ့် သဇင်ထင်တာတော့ သွေးလှူတာကို ကိုယ်ရဲ့ မျက်ကြည်လွှာကို လှူတာတို့ကတော့ ကိုယ်ခန္ဓာကိုယ်ထဲကနေ ဖဲ့ထုတ်ပြီး လှူဒါန်းရတာဆိုတော့ ပိုပြီး မွန်မြတ်မှာပေါ့နော်။

မေး- သဇင်သွေးလှူဖူးလား။
သဇင်- တစ်ခါမှတော့ မလှူဖြစ်သေးဘူး။

မေး- ဒါဆို သွေးလှူချင်တဲ့ ဆန္ဒရောရှိလား။
သဇင်- ရှိပါတယ်။ သဇင်လဲကျန်းမာရေးကောင်းနေမယ်။ လိုအပ်နေတဲ့ သူလည်း ရှိမယ်ဆိုရင် လှူချင်ပါတယ်။

စန္ဒီမြင့်လွင်

မေး- ဒီးဒီ သွေးလှူဖို့ ဆန္ဒရှိပါသလား။
ဒီဒီ- ဟာ… သိပ်ရှိတာပေါ့။ သွေးလှူချင်နေတာကြာပြီ။ အကြောင်း မတိုက်ဆိုင်တာနဲ့ မလှူဖြစ်တာ။

မေး- သွေးလှူချင်တယ်ဆိုတော့ ဒီဒီက သွေးလှူတာကို ဘယ်လိုအမြင်မျိုးရှိလဲ
ဒီဒီ- သိပ်ကိုမွန်မြတ်သန့်ဇင်တဲ့ အလှူပေါ့အစ်မရယ်။ ကိုယ်ရဲ့ သွေးနဲ့လူတစ်ယောက်ရဲ့အသက်ကို ကယ်နိုင်တယ်ဆိုတာ ဘယ်လောက်ပျော်ဖို့ ကောင်းလဲ…. မဟုတ်ဘူးလား။

မေး- ဒါဆို သွေးလှူဖို့အခွင့်ကြုံလာတယ်ဆိုရင် ဒီဒီ သွေးလှူမှာပေါ့။
ဒီဒီ- လှူမှာပေါ့။ လှူမှာ။

ဟဲလေး

မေး- လှူဒါန်းခြင်းတွေထဲမှာ သွေးလှူဒါန်းခြင်းဆိုတာကို ဘယ်လိုဖြစ်ပါသလဲ.
ဖြေ- အရမ်းကိုမွန်မြတ်တဲ့ အလှူဒါနတစ်ခုလို့မြင်ပါတယ်။ ချမ်းသာမှု၊ ငွေကြေးစတာတွေကို လှူဒါန်းတာမဟုတ်ပဲ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ Energy တစ်ခုကို လှူတာမို့ အနှိုင်းမဲ့အလှူပါပဲ. ကျန်းမာရေးချို့တဲ့နေသူတစ်ယောက်ဟာ ကိုယ့်သွေးကြောင့် ကျန်းမာရေးကောင်းသွားတယ်ဆိုတဲ့ ပီတိဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။

မေး- ဟဲလေးသွေးလှူဖူးပါသလား။
ဖြေ- ကျွန်တော်လှူတော့ မလှူဖူးသေးပါဘူး။

မေး- ဒါဆိုသွေးလှူချင်လား။
ဖြေ- လှူချင်ပါတယ်။

မေး- တစ်စုံတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ လိုအပ်လို့ သွေးအလှူတောင်းခံလာရင်………………………

ဖြေ- ဟုတ်ကဲ့၊ ကျွန်တော် သွေးကို လှူဒါန်းပါမယ်ခင်ဗျာ။