အသင်း အကြောင်းအမှာစကားအသင်း ဖွဲ့စည်းပုံအသင်း လှုပ်ရှားမူရင်တွင်းစကားဆက်သွယ်ရန်မူလအစသို့

သင့်သွေးဖြင့် အသက်ကယ်ပါ


ပူးပေါင်းပါဝင်ဆင်နွဲစို့

ရင်ခုန်သံသွေးလှူရှင်အသင်းနှင့် ပတ်သက်ပြီး သိလိုသမျှကို အသေးစိတ်သိရှိလိုပါက-

လပြည့်ဝန်းပလာဇာ
၁၀-ထပ်၊ အမှတ် ၃၇၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၂၄၃ ၅၄၂ ၊ ၇၂၁ ၅၇၈ ၊ ၀၉ ၅၁ ၇၃၂၅၅

Myanmar Info-Tech
အဆောင်(၁)၊ အခန်း(၇)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁ ၆၅၂ ၂၈၅ ၊ ၆၅၂ ၂၈၆

BLOG
www.yin-khone-than.blogspot.com/

ရင်ခုန်သံသွေးလှူရှင်အသင်းက နှစ်လတစ်ကြိမ် စုပေါင်းသွေးလှူဒါန်းဖြစ်တယ်။ အဲဒီမှာ သွေးလှူဖြစ်ပါသလား ၊ မလှူဖြစ်သေးရင် လှူဖြစ်အောင် ကြိုးစားပေးကြပါ။ သွေးလှူရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သွေးမလှူဖြစ်သေးရင်တော့ နီးစပ်ရာ သွေးလှူအသင်းများတွင် ငွေကြေး ၊ အာဟာရ ၊ ဆေးဝါးနှင့် လုပ်အားဒါနဖြည့်ဆည်းထောက်ပံ့ပေးခြင်းဖြင့် သွေးလှူရှင်တို့နှင့် ထပ်တူနီးပါး အကျိုးများစေပါတယ်။

.................................................................................................................

သင်သည် လူ့ဘ၀အတွက် အရေးကြီးဆုံးသောကွက်လပ်ကို ဖြည့်စွမ်းပေးနိုင်သူ ဖြစ်လိုပါသလား

ကျေးဇူးပြုပြီး “မိနစ်အနည်းခန့် အချိန်ပေး၍ ဒီစာပိုဒ်ကလေးကို ဖတ်ရှုပေးစေလိုပါသည်။"

ဒီစာပိုဒ်လေးကို သင်ဖတ်ရှုနေချိန်တွင် သွေးလိုအပ်၍ သေခြင်းတရားနှင့် ရင် ဆိုင်တိုက်ခိုက်နေရသော လူနာများစွာ စောင့်ဆိုင်းလျှက် ရှိပါသည်။ အဆိုပါ လူနာများအတွက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့သည် အုပ်စုတူညီသော သွေးရနိုင်မှု၊ မရနိုင်မှု တို့အပေါ် မူတည်နေပါသည်။

သွေးကင်ဆာရောဂါခံစား နေရသော ဝေဒနာရှင်များ၊ နှလုံးခွဲစိတ်မည့်လူနာများ၊ မီးလောင်ခံထားရသော လူနာများ၊ ထိခိုက်ဒဏ်ရာရခဲ့သော လူနာများ၊ မွေးရာပါ သွေးမတိတ်ရောဂါဝေဒနာရှင်များ၏ အသက်ရှင်ရေးသည် ပေးဆပ်နိုင်စွမ်း ရှိ၍ စွမ်းဆောင်နိုင်သော စွန့်လွှတ်ရဲသူများဖြစ်သည့်
စေတနာသွေးလှူရှင်များ ပေါ်တွင်သာ လုံးဝမှီခိုအားထား နေရပါသည်။

သွေးကိုလှူဒါန်းခြင်းဖြင့် သင်သည် လူသားတို့အသက်ကို ကယ်တင်နိုင်သည့် အဓိကစွမ်းဆောင်ရှင် ဖြစ်သွားပါမည်။ မိနစ်အနည်းငယ်သာကြာမည့် ရိုးစင်း လှသော သင်၏မေတ္တာစွမ်းရည်သည် သွေးလိုအပ်နေသူများအတွက် တန်ဖိုး မဖြတ်နိုင်သော လက်ဆောင်မွန် ဖြစ်ပါသည်။

ကျေးဇူးတင်ပါတယ်

ရင်ခုန်သံသွေးလှူရှင်အသင်း


သွေးလှူရတာ လွယ်ပါတယ်

(၁) မှတ်ပုံတင်ခြင်း
မှတ်ပုံတင် (သို့) သွေးလှူရှင်ကတ် ယူဆောင်လာရမည်။ ကျန်းမာရေးအတွက် စစ်ဆေးသော မေးခွန်းလွှာများ ဖြေဆိုရပါမည်။သွေးနီအား(Hemo- globin) ပြည့်၊ မပြည့် စမ်းသပ်ပါမည်။

(၂) ကျန်းမာရေး စစ်ဆေးခြင်း
ဆရာဝန်မှ ဖြေဆိုခဲ့သော မေးခွန်းလွှာပါ အချက်အလက်များကို စစ်ဆေးပေး မည်။ အချို့အချက်အလက်များကို သေချာအောင် ပြန်လည်မေးမည်။ သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်မှုများ စစ်ဆေးမည်။

(၃) သွေးလှူဒါန်းခြင်း
အတွေ့အကြုံရှိပြီး သူနာပြုများနှင့် ကျွမ်းကျင်သူဝန်ထမ်းများမှ သွေးထုတ်ယူမည်။ သွေးထုတ်ယူသည့် ပစ္စည်းများ၊ အပ်များသည် တစ်ခါသုံးများသာ ဖြစ်ပါသည်။

(၄) အနားယူခြင်းနှင့် အာဟာရ ပြန်လည်ဖြည့်တင်းခြင်း
သွေးလှူပြီးနောက် (၁၅) မိနစ်ခန့် အနားယူ၍ အာဟာရ အနည်းငယ်ဖြည့်တင်းပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။

သွေးလှူဒါန်းရန်အတွက် ရင်ခုန်သံသွေးလှူရှင်အသင်းမှ ကြိုဆိုပါတယ်။


သွေးမလှူဒါန်းနိုင်သည့်လူများအတွက် အခြားကူညီနိုင်မည့်နည်းလမ်းများ

အကြောင်းအမျိုးမျိုးကြောင့် သွေးမလှူဒါန်းနိုင်သူများ အနေဖြင့် သွေးလှူဒါန်းသူများ သွေးအား ပြန်လည်ဖြည့်တင်းရန် အာဟာရ၊ ငွေများ၊ ဆေးပစ္စည်းများ၊ သွေးလှူရှင်များအတွက် အမှတ်တရတံဆိပ်များ၊ ကဒ်ပြားများ၊ သွေးအားတိုးဆေးများ ကို ပါဝင် ကုသိုလ်ပြု လှူဒါန်းနိုင်ပါသည်။ ၎င်းအပြင် နယ်ဝေးမှ လာရောက်လှူဒါန်းကြသူများအတွက် သွားလာရေးအဆင်ပြေစေရန် ကားစရိတ်၊ စားသောက်စရိတ်၊ တူညီဝတ်စုံစရိတ် စသည်များဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

ရင်ခုန်သံသွေးလှူရှင်အသင်း